~20~

401 52 11
                                    

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်စောင်းတန်းကဆိုင်တန်းလေးတွေမှာအစီအရီ
ရွှေရောင်ညီးတဲ့ဘုရားဆင်းတုတော်များ ဘုရားပန်းသည်များ စက္ကူရုပ်လေးများ လက်ဆောင်ပစ္စည်းများအစရှိသဖြင့် တမေ့တမောငေးမောလို့ကြည့်ချင်စဖွယ်

'အဲ့ဒါ ပရိတ်ကြိုးလေးတွေလေအစ်ကိုလေး အန္တရာယ်ကင်းတယ်'

ပါး၂ဖက်မှာပါးကွက်ခပ်ထူထူလိမ်းထားပြီး ဆံပင်နက်မှောင်မှောင်တွေကိုအုန်းဆီရွှဲနေအောင်လိမ်းကာကျစ်ဆံမြီးကျစ်ထားတဲ့ ကောင်မလေးကသူ့ကိုပြုံးကာကြည့်ရင်း သူ့ရှေ့ကရောင်စုံကျစ်ကြိုးလေးတွေကို လက်ညှိုးထိုးပြလေသည်

'အစ်ကိုလေး ဘာအရောင်ယူချင်လို့လဲ'
အရောင်စုံကျစ်ကြိုးလေးတွေကိုကြည့်ကာ ထွန်းပေါ်ဦးမှာဝေခွဲမရ

'အနီလေးယူပါလား အစ်ကိုလေးကအသားဖြူတော့'
​ဈေးသည်ကောင်မလေးမှာ လက်ပတ်ကြိုးအနီလေးကိုဆွဲကာဖြုတ်လိုက်ရင်း ထွန်းပေါ်ဦးကိုကမ်းပေးလေသည်

'ကျွန်တော့်ကို၂ခုပေးပါ'

လက်ထဲကအနီရောင်ကျစ်ကြိုးလေး၂ခုကိုတစ်ချက်ကြည့်ရင်း ခပ်လှမ်းလှမ်းကပန်းဆိုင်မှာဘုရားပန်းဝယ်နေတဲ့ချမ်းပိုင်ကိုသူငေးလို့ကြည့်လိုက်မိသည်

'ဘုရားကိုအရင်ရေသပ္ပာယ်ရတယ်ဦးငယ်ရဲ့'
ဂြိုဟ်တိုင်မှာသက်စေ့သူ့အစားရေသပ္ပာယ်ပေးနေတဲ့ချမ်းငြိမ်းပိုင်ကို တန်ဆောင်းမှာထိုင်ရင်းထွန်းပေါ်ဦးမှာပြုံးလို့ကြည့်တယ်

ရွှေသင်္ကန်းကပ်လှူပူဇော်ကာ ဘုရားရှိခိုးပြီးသည့်နောက် မြောက်ဘက်မုခ်တန်ဆောင်းမှာထိုင်ရင်း ဘုရားကုန်းတော်ပေါ်ကစေတီဖြူဖြူတို့ကို၂ယောက်သားငေးမောလို့ကြည့်မိကြပြန်သည် အနုသုခုမလက်ရာမြောက်လွန်းတဲ့ပန်းခက်ပန်းစွယ်တွေကို ပန်းချီဆရာတစ်ဦးဖြစ်သူပီပီ ထွန်းပေါ်ဦးမှာသူ့ပုံဆွဲစာအုပ်အသေးလေးထဲရေးခြစ်မိပြန်သေးသည်

လေတစ်ချက်ဝေ့တိုင်း ဆည်းလည်းသံတွေကစီစီညီညီ သာသာယာယာ
​သူသူငါငါဘုရားဖူးလာကြတဲ့ ခပ်ရှုပ်ရှုပ်လူထုကိုအရေးမစိုက်သည့်နှယ် ချမ်းငြိမ်းပိုင်မှာပုံဆွဲတာကိုပဲအာရုံရောက်နေတဲ့ထွန်းပေါ်ဦးကို ခပ်ပြုံးပြုံးလေးငေးကာကြည့်လို့နေခဲ့လေတယ်

EXCEPTION__Where stories live. Discover now