~19~

389 52 25
                                    

'ကိုကို'
အခန်းတံခါးကိုအသာလှပ်ကာ ခေါင်းလေးပြူတစ်ပြူတစ်လုပ်လို့ လူကိုရယ်ပြနေတဲ့ကောင်ငယ်လေးကြောင့် ချမ်းငြိမ်းပိုင်ပြုံးရင်းသာ ကောင်ကလေးကိုငေးကြည့်နေလိုက်မိတော့သည်

ချစ်သူရည်းစားဆိုတဲ့အသုံးအနှုန်းကိုသုံးနှုန်းရမှာ နည်းနည်းတော့မျက်နှာပူစရာပေမဲ့လို့ သူနဲ့ပေါက်စရဲ့ကြားက ထိုသို့နှယ်ပြောင်းလဲသွားတဲ့ဆက်ဆံရေး၌ ပေါက်စကသူ့ကိုသုံးနှုန်းလာလေတဲ့အခေါ်အဝေါ်မှာ ကိုကိုပါတဲ့လေ
ကောင်ငယ်လေးဟာ သူချွဲချင်တဲ့အခါမျိုးတွေဆို ကိုကိုဟူသောနာမ်စားကို ဖောဖောသီသီပင်သုံးလာတတ်ခြင်းအပေါ် သူကတော့အတော်ကိုပင်သဘောခွေ့မိနေခဲ့ပါတော့သည်

*****

'ညနေ ကိုကိုလာကြိုမယ် ဦးငယ်သင်တန်းမှာပဲစောင့်နေ တစ်ယောက်တည်းပြန်မလာနဲ့ ညနေဘက်ဘတ်စ်ကားတွေကတိုးတိုးကြပ်ကြပ်နဲ့ စိတ်မချဘူး'
အကဲပိုတတ်လွန်းရှာသောချမ်းငြိမ်းပိုင်ရဲ့စကားကို ခေါင်းတငြိမ့်ငြိမ့်နဲ့ထွန်းပေါ်ဦးမှာ ချမ်းငြိမ်းပိုင်ကြယ်သီးအစိတပ်ပေးနေတဲ့အနွေးထည်အင်္ကျီထူထူကြားမြုပ်လို့

'ပန်ကာလေအောက်လည်းမနေနဲ့ ပြန်ဖျားမယ်'

'အွန်း'

'ထမင်းစားချိန်လည်းနောက်မကျစေနဲ့'

'ဟုတ်'

'အလိမ္မာတုံးလေး'
လူပျိုသိုးကြီးချမ်းငြိမ်းပိုင်မှာ သူ့ချစ်သူပူပူနွေးနွေးလေးကို အသည်းတယားယားနဲ့ပါးလေးတစ်ဖက်ကို နှာခေါင်းနစ်ဝင်သွားသည်အထိ ခပ်နင့်နင့်တစ်ချက်နမ်းရှိုက်သည်
မှင်သေသေကျောက်ရုပ်လေးမှာ ခပ်ရဲရဲနီနီလေးဖြစ်လာတဲ့အခါ ချမ်းငြိမ်းပိုင်မှာတစ်ချက်သဘောတကျပြုံးမိလေသည်
တစ်သက်နဲ့တစ်ကိုယ် ပေါက်စရဲ့ဒီလိုရှက်နေတတ်တဲ့မျက်နှာလေးကို သူမမြင်ဖူးခဲ့
အမြဲလိုလိုမျက်နှာသေလေးနဲ့တည်တံ့နေတတ်တဲ့ကောင်ကလေးဟာ ဒီလိုချစ်ဖို့ကောင်းလွန်းတဲ့အပြုအမူများကို သူ့ရှေ့တွင်သာပြုမူနေတတ်ပါသည်တဲ့

'ဘာတွေအဲ့လောက်သဘောကျနေတာလဲ ကျွန်တော့်ကိုလည်းပြောပြလေ'

EXCEPTION__Unde poveștirile trăiesc. Descoperă acum