~15~

387 58 12
                                    

တံခါးလက်ကိုင်ဘုကိုခပ်ဖြည်းဖြည်းလေးလှည့်ကာဖွင့်လိုက်ရင်း အခန်းထဲသို့ချမ်းငြိမ်းပိုင်တစ်ယောက်ချောင်းကာကြည့်လိုက်မိသည်
ကျောပေးထားတဲ့ရင်းနှီးနေဆဲကျောပြင်ငယ်ကြောင့် သတိမထားမိလိုက်စွာ အောက်နှုတ်ခမ်းကိုတစ်ချက်နာနာဖိကိုက်လိုက်မိသည်
စိတ်လှုပ်ရှားလွန်း၍များလား ရင်တွေတုန်ကာလက်ဖျားတွေပင်အတန်ငယ်အေးစက်စက်
ချမ်းငြိမ်းပိုင်ပင့်သက်ကိုတစ်ချက်ရှူသွင်းလိုက်ကာ စိတ်ကိုငြိမ်အောင်ထိန်းရင်း အခန်းတံခါးကိုဖွင့်လိုက်လေသည်

ခပ်လေးလေးကျွန်းတံခါးရဲ့ကျွီခနဲမြည်သံကသိသိသာသာ လေထုထဲမှာတိုးဝှေ့လာတဲ့အခါ ကောင်ငယ်လေးဟာသူ့ကိုလှည့်လို့ကြည့်လာခဲ့လေသည်

တံခါးလက်ကိုင်ကိုကိုင်ထားကာ ထိုနေရာမှာတင်ကျောက်ချထားသလိုခပ်တောင့်တောင့်မလှုပ်မယှက်ဖြစ်နေတဲ့ချမ်းငြိမ်းပိုင်ကိုတစ်ချက်လှည့်ကြည့်လာပြီးသည့်နောက် အကြည့်ပြန်လွှဲသွားတဲ့ထွန်းပေါ်ဦးရဲ့မျက်လုံးမို့အစ်အစ်လေးတွေနောက်မှာ ချမ်းငြိမ်းပိုင်ကအသက်ကိုယောင်ယမ်းကာအောင့်ထားမိရာကနေလွှတ်ချလိုက်မိသည်

ထိုမျက်ရစ်မရှိတဲ့မျက်ခွံမို့မို့အစ်အစ်လေးတွေနဲ့အကြည့်စူးစူးလေးတွေအောက်မှာ သူ့မှာတကယ်ကိုသမာဓိအားတွေဆိုတာအပြိုပြိုအလဲလဲနှင့် လူလည်းကယောင်ကတမ်းတွေဖြစ်လို့

မျက်နှာလွှဲလိုက်တဲ့မျက်ဝန်းအကြည့်လေးတစ်ချက်နဲ့တင် သူ့နှလုံးသားကတစ်ချက်စူးအောင့်ကာ အောက်ကိုဘုတ်ခနဲပြုတ်ကျတော့လုမတတ်

မည်သည့်စကားသံမှမကြားရဘဲ ပကတိအတိုင်းတိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းငယ်အတွင်းက သက်ရှိလူသား၂ယောက်ဟာ ထိုပုံအတိုင်းမလှုပ်မယှက်
မည်သူကရှေ့တိုးလို့ မည်သူကနောက်ဆုတ်မည် ရွေ့လျားမှုမရှိသည့်ပုံသေကားချပ်တစ်ခုနှယ်

'ပေါက်စ'
အေးစက်စက်လေထုထဲမှာ ချမ်းငြိမ်းပိုင်ရဲ့ခပ်တိုးတိုးမဝံ့မရဲခေါ်သံတစ်ခုနဲ့ အတန်ငယ်နွေးထွေးလာသယောင်

'ဒီကို အပြီးပြန်လာတာလား'
နေကောင်းရဲ့လား အဆင်ပြေရဲ့လား မတွေ့ရတာကြာပြီနော်
နှစ်အကြာကြီးဝေးကွာနေတဲ့အသိတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါလျှင် သေချာသည် ထိုသို့အရင်ဦးဆုံးနှုတ်ခွန်းစကားပြောမိလိမ့်မည်
ဒီနှစ်တွေအတွင်းမှာ ချမ်းငြိမ်းပိုင်အတွက်ကတော့ ထွန်းပေါ်ဦးကိုတွေ့ရင်ဦးဆုံးမေးမည့်စကားမှာ ထိုစကားတစ်ခွန်းပင်
Leo သူ့အနားကထပ်မထွက်သွားတော့မှန်း သေချာသိနိုင်မည့်အမေးစကားတစ်ခွန်း

EXCEPTION__Waar verhalen tot leven komen. Ontdek het nu