~17~

413 60 17
                                    

'ပေါက်စ ကိုကို့ကိုကြည့်'
တုတ်တစ်ချောင်းနဲ့မြေကြီးပေါ်မှာအရုပ်တွေလျှောက်ဆွဲနေတဲ့ပေါက်စကသူ့ကိုခေါင်းလေးမော့လို့ကြည့်တယ်

'ကိုကိုက​ပေါက်စထက်အသက်တွေအများကြီးကြီးတယ်'
မျက်နှာပိစိလေးကခပ်တည်တည်
ဆောင့်ကြောင့်လေးထိုင်ကာသူပြောသမျှကိုနားထောင်လို့

'အဲ့တော့ ချမ်းပိုင်ဆိုပြီးနာမည်မခေါ်ရဘူး'

'ချမ်းပိုင်'

'အဲ ချမ်းပိုင်လို့မခေါ်ရဘူးလို့ ပေါက်စ ကိုကိုလို့ခေါ်ကြည့် ကိုကို'

'ချမ်းပိုင်'

မျက်နှာရှုတည်တည်လေးနဲ့ထွန်းပေါ်ဦးပေါက်စလေးက ချမ်းငြိမ်းပိုင်ကိုကြည့်ကာသူခေါ်နေကျအတိုင်းမပြောင်းမလဲထပ်ကာခေါ်ပြန်တယ်
ချမ်းငြိမ်းပိုင်မှာလည်းခေါင်းကိုထပ်ကာယမ်းလို့အဲ့လိုမဟုတ်ကြောင်းပြောပြန်တယ်

'ကိုကို ခေါ်ကြည့် ကိုကို'

'ချမ်းပိုင်'

'ကိုကို'

'ချမ်းပိုင် ဟီးဟီး'
သွားပိစိညီညီလေးတွေပေါ်သည်အထိပြုံးပြလာတဲ့ကြွက်မြီးဆံပင်လေးတွေနဲ့ ချစ်စရာကောင်ငယ်လေးရဲ့အပြုံးနုနုလေးအောက်မှာ ချမ်းငြိမ်းပိုင်ဟာခေါင်းကိုတစ်ချက်ခါယမ်းလိုက်ရင်းပြုံးလိုက်မိသည်

'ကဲကွာ ပေါက်စခေါ်တတ်သလိုသာခေါ်ပါစေတော့ ကြွက်ပေါက်လေး မင်းတော်တော်လည်တယ်'
အသည်းတယားယားနဲ့ကောင်ငယ်လေးရဲ့နှာခေါင်းထိပ်လေးကိုဆွဲညှစ်လိုက်တဲ့ချမ်းငြိမ်းပိုင်ကို ထွန်းပေါ်ဦးပေါက်စလေးမှာ မျက်ဝန်းလေးတွေမှိတ်ကျသွားသည်အထိ ပြုံးပြနေခဲ့ပါတော့သည်

*****

အတိတ်နဲ့ပစ္စုပ္ပန်
မင်းသာဘေးမှာရှိရင်
အရာအားလုံးက
နှစ်လိုဖွယ်ရာအတိ. . .

*****

'သင်တန်းကျောင်းကဘယ်မှာလဲ ကိုကိုလိုက်ပို့မယ်'
မီးခိုးရောင်ဖျော့ဖျော့ဆွယ်တာလက်ရှည်မထူမပါးကိုအပေါ်ကနေထပ်ဝတ်ထားတဲ့ ထွန်းပေါ်ဦးရဲ့မျက်နှာမှာအတန်ငယ်ဖြူလျော့လျော့

'နေမကောင်းဘူးလား'
ခပ်ခြောက်ခြောက်နှုတ်ခမ်းတွေကပါဖြူဖျော့စွာ

EXCEPTION__Where stories live. Discover now