~14~

360 52 10
                                    

ခြေလှမ်း တစ်လှမ်း နှစ်လှမ်း
​ဝေးသွားပြန်တဲ့ တစ်လှမ်း နှစ်လှမ်း
ခြေလှမ်းဘယ်နှလှမ်းကို ကျွန်တော်လှမ်းမှ
သူ့ထံပါးရောက်နိုင်လိမ့်မည်နည်း. . .

*****

'ပဲပင်ပေါက်လေးတွေနဲ့တူတယ်'
ကြွက်မြီးဆံပင်ဂုတ်ထောက်လေးနဲ့ပေါက်စက လေးကြောင်းမျဉ်းစာအုပ်ပေါ်စာတွေလျှောက်ရေးနေရာမှ သူ့အသံကြောင့်သူ့ကိုခေါင်းလေးထောင်လို့ကြည့်လာလေသည်
အခုတလော ပေါက်စကစာရေးရတာကိုသိပ်သဘောခွေ့နေတာ
စာတွေကဗျာတွေကိုအော်အော်ရွတ်နေတတ်တဲ့ပေါက်စရဲ့အသံစာစာလေးက ချမ်းငြိမ်းပိုင်ရဲ့တစ်နေ့တာမှာမပါမဖြစ်ဆည်းလည်းသံလေးတွေလို
ချမ်းငြိမ်းပိုင်မှာ သူ့ပေါက်စကစာတွေရွတ်ကာမြန်မာစာမြန်မာစကားကိုပီပီသသပြောဆိုလာနိုင်ခြင်းအပေါ် ဂုဏ်ယူမဆုံးတပြုံးပြုံးနှင့်ပင်

'ပဲပင်ပေါက် ဟုတ်ဘူး'
ပေါက်စကသူ့လက်ရေးရှည်ရှည်စောင်းတောင်းတောင်းလေးတွေကိုပြန်ငုံ့ကြည့်ကာခေါင်းလေးခါရင်းအငြင်းပြုတယ်
သူ့လက်ရေးကပဲပင်ပေါက်နဲ့မတူပါဘူးပေါ့

'ဟုတ်ပါတယ် ပဲပင်ပေါက်လေးတွေ ကြည့်ပါလား ဒါလေးဆို ပဲပင်ပေါက်အညှောက်ပေါက်နေတာလေးနဲ့တူတယ်'

'ပဲပင်ပေါက် ဟုတ်ဘူး'
ခေါင်းလေးကိုဘယ်ညာငြိမ်းခါကာငြင်းနေတဲ့ပေါက်စရဲ့ဂုတ်ထောက်နေတဲ့ကြွက်မြီးလေးတွေကလည်းဟိုဘက်ယိမ်းလိုက်ဒီဘက်တိမ်းလိုက်နှင့်

ချမ်းငြိမ်းပိုင်မှာ သူ့အရှေ့ကကြွက်ပေါက်လေးကိုအသည်းယားစွာဖြင့်ကြည့်ကာထပ်မံ၍စပြန်သည်

'ပဲပင်ပေါက် ဟုတ်ဘူး ပဲပင်ပေါက် ဟုတ်ဘူး'

'ဟုတ်ပါတယ် ပဲပင်ပေါက်လေးတွေ'

'ပဲပင်ပေါက် ဟုတ်ဘူး'

'ချမ်းပိုင် ရေး!'

'ဟင်!'
ခဲတံနဲ့စာအုပ်ကိုသူ့ရှေ့ထိုးပေးလာတဲ့ပေါက်စကြောင့် ချမ်းငြိမ်းပိုင်မှာသဘောတကျရယ်လိုက်မိတော့သည်

'ပေး ကိုကိုရေးပြမယ် သေချာကြည့်ထားနော် ကိုကို့အတိုင်းလိုက်ရေး ပေါက်စလက်ရေးလေးတွေပဲပင်ပေါက်မဖြစ်တော့ဘူး'

EXCEPTION__Dove le storie prendono vita. Scoprilo ora