~18~

406 56 27
                                    

'ကိုကို့အတွက်လား'
​မျက်နှာသေလေးနဲ့ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြတဲ့ပေါက်စရဲ့မျက်လုံးလေးတွေကစူးစူးလဲ့လဲ့

'ကျေးဇူးပေါက်စ ကိုကိုတန်ဖိုးထားပါ့မယ်'
တန်ဖိုးထားတယ်ဆိုတဲ့စကားနဲ့ဆိုလိုရင်းကိုသိပ်နားမလည်သေးသော်လည်း ဖောင်တိန်အပြာလေးကိုကြည့်ကာ သဘောတကျပြုံးနေခဲ့တဲ့ချမ်းငြိမ်းပိုင်ကိုကြည့်နေတဲ့ ထွန်းပေါ်ဦးမှာသူပေးတဲ့လက်ဆောင်ကို သူ့ကိုကိုသဘောကျမှန်းတော့သိလိုက်ပါသည်

ပျော်တယ်
ဒီတိုင်း ကိုကိုက
သူပေးတဲ့လက်ဆောင်ကို
သဘောကျပေးတာမို့
ပျော်တယ်

*****

ပိုင်ဆိုင်မှုဆိုလို့ မယ်မယ်ရရ
လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ဘဝထဲမှာ
သူကသာတန်ဖိုးအရှိဆုံးသော
ကိုယ့်ရဲ့ပိုင်ဆိုင်မှုလေးပါ. . .

*****

'ဘယ်ကတည်းက အဲ့လိုဆေးလိပ်တွေသောက်တတ်နေတာလဲ'
လွှတ်ပစ်ဖို့ရည်ရွယ်ထားပြီးသား ဒူးယားစီးကရက်ဘူးအစိမ်းလေးမှာ ပိုင်ရှင်ဆီကစွန့်ပစ်တာမခံရသေးမီမှာပင် ချမ်းငြိမ်းပိုင်ရဲ့အမှိုက်ပုံးထဲထည့်ခြင်းကို တစ်မုဟုတ်ချင်းခံလိုက်ရလေပြီ

'နည်းနည်း ကြာပြီ'
ပေါက်စရည်ညွှန်းတဲ့နည်းနည်းဆိုတဲ့ထစ်အအစကားလုံးရဲ့နောက်မှာ နှစ်နဲ့ချီပြီးကြာနေပြီဆိုတာကို သူရိပ်မိလိုက်သည်

'ဘာလို့သောက်တာလဲ ကောင်းလို့လား ကြိုက်လို့လား'
စာကြည့်စားပွဲမှာငုတ်တုတ်လေးထိုင်နေတဲ့Leoမှာ မသိအပြစ်ကြီးကြီးကျူးလွန်ထားမိတဲ့တရားခံအကျဉ်းသားလို ချမ်းငြိမ်းပိုင်ရဲ့စစ်လားမေးလားကို မျက်နှာလေးရှုံ့မဲ့ကာငြိမ်ခံနေရလေသည်

'အဲ့ဆေးလိပ်ဘူးကရောလွှတ်မပစ်ဘဲ ဘာလို့သိမ်းထားသေးတာလဲ'
သိမ်းထားတာမဟုတ်ဘဲ မလွှတ်ပစ်ရသေးရုံဘဲလို့ သူပြောရင်ကိုကိုကဆင်ခြေပေးတယ်လို့ပဲမြင်လေမလား

'ကျွန်တော် ချမ်းပိုင်ကိုပေးထားတဲ့ကတိမှန်သမျှက နောက်ကွယ်မှာလုပ်ချင်တာလုပ်မယ်ဆိုတဲ့စိတ်သဘောမျိုး တစ်ခုမှမပါခဲ့ဘူး'
ကိုကို့စကားဆို တစ်ခွန်းတည်းနဲ့မီးသေနေတဲ့သူ့အကြောင်းကို ကိုကိုကအခုထက်ထိမသိသေးတာများလား

EXCEPTION__Waar verhalen tot leven komen. Ontdek het nu