~21~

433 51 3
                                    

'ကျွန်တော် ပေါက်စကိုချစ်တယ်'
အစပျိုးမနေဘဲ တဲ့တိုးဆန်လှစွာပြောလာတဲ့ ချမ်းငြိမ်းပိုင်ရဲ့ဖွင့်ဟစကားသံနောက် ဒေါ်ထားထားတင်နဲ့ဒေါ်မီမီတင်မှာ တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်လိုက်မိကြသည်

'Leoမှမဟုတ်ရင် မဖြစ်တော့တာမျိုးလား မင်းကဒီလိုတွေတောင် ငါတို့အရှေ့ဖွင့်ဟလာတယ်ဆိုတော့'

'သေချာပြီလား သား'

'သစ္စာဆိုပြရင်ကော မေမေတို့ယုံလိမ့်မလား'
​ချမ်းငြိမ်းပိုင်ရဲ့မျက်လုံးအိမ်နက်နက်တွေမှာ တိကျပြတ်သားခြင်းတွေနဲ့ ဆုံးဖြတ်ချက်တွေဟာခိုင်မာစွာထင်ဟပ်လို့

'တစ်ဘဝလုံးမှာ Leoတစ်ယောက်တည်းကိုပဲ လောဘတက်ခဲ့မိတာပါ လက်လွတ်စပယ်မေမေတို့မသိအောင် ပုန်းလျှိုးကွယ်လျှိုး သူ့ကိုအဲ့လိုမလုပ်ရက်တာမို့ မေမေတို့ကခွင့်လွှတ်ပေးပါ နားလည်ပေးပါနော်'
ချမ်းငြိမ်းပိုင်ရဲ့လေသံမှာ တောင်းပန်တိုးလျှိုလှစွာ ဒါပေမဲ့ ခွင့်တောင်းနေတာမျိုးလည်းမဟုတ်ပေ သူဒီလူကိုချစ်မြတ်နိုးကြောင်းအသိပေးရုံသက်သက်ဖြစ်လို့နေသည်
ဘယ်လိုပဲဖြစ်နေဖြစ်နေ အဲ့လူကိုသူလက်လွှတ်မှာမဟုတ်မှန်း သိသာလို့နေသည်

ပေါက်စကပြောတယ်
ကိုကို့ကိုလူသိရှင်ကြားချစ်ပြခွင့်မရရင်တောင် သူအဆင်ပြေပါတယ်တဲ့ ဒါပေမဲ့ သူသည် ထိုလူသားလေးကိုလူတွေရှေ့ရော လူတွေရဲ့နောက်ကွယ်မှာရော ကြင်နာစွာထွေးပွေ့လို့ယုယပစ်ချင်သေးသည်
တစ်လောကလုံးက ထွန်းပေါ်ဦးဆိုတဲ့ထိုကောင်ငယ်လေးကို အားကျရလောက်သည်အထိ သူကတော့လူသိရှင်ကြားချစ်ပြချင်သေးသည်
ပေါက်စက သိပ်ကိုအချစ်ခံထိုက်တဲ့လူသားလေးဆိုတာ လူတွေသူတွေရှေ့ သူမဏ္ဍပ်တိုင်တက်ပြချင်ပါသေးသည်

ဒီလိုမျိုးသူ့သဘောထားတွေကို ပေါက်စကတော့သိလိမ့်မည်မဟုတ်ပေ

ဒီလူမှာဖြင့် သူ့အပေါ်
တစ်နေ့တစ်ရက် မေတ္တာတိုးလို့
ကြင်နာပိုစွာချစ်မဝနိုင်ခဲ့ပါလေ. . .

*****

'ကြည့်မဝဘူးလား ကိုကို့ကို'
ကားမောင်းနေရာမှခပ်ဟဟပြုံးကာ လူကိုစူးစိုက်လို့ကြည့်နေတဲ့ ကောင်ကလေးကိုချမ်းငြိမ်းပိုင်အသည်းတယားယားနဲ့ စနောက်ကာပြောလိုက်မိသည်

EXCEPTION__Where stories live. Discover now