~6~

481 68 8
                                    

စနေမိုးသည်စွေလွန်းလှသည်
အချိန်အခါမဟုတ်သည်းလို့မည်းလို့ကောင်းနေတဲ့ရန်ကုန်မိုးမှာ တစ်ပတ်တာလုံးရွာလို့ကောင်းနေဆဲ

ပွင့်ရက်သားပန်းချီစာအုပ်အဝါလေးထဲမှာခြစ်ဆွဲထားတဲ့အမျိုးသားတစ်ယောက်ရဲ့ ပြုံးနေဟန်ရယ်နေဟန်မျက်နှာတည်နေဟန် ဘေးတစ်စောင်းမျက်နှာထား တစ်ခုခုကိုစဉ်းစားနေဟန်မျက်နှာထား ထိုအမျိုးသားရဲ့မျက်နှာအနေအထားမျိုးစုံကို ရှူထောင့်အမျိုးမျိုးကနေရေးဆွဲထားလေသည်

နောက်ဆုံးရေးခြစ်ထားတဲ့ပုံမှာတံတောင်ဆစ်အထိခေါက်တင်ထားတဲ့ရှပ်အင်္ကျီအဖြူနဲ့စာရွက်တွေကိုငုံ့ကြည့်နေတဲ့ထိုအမျိုးသားရဲ့ပုံပါပဲ အမျိုးသားရဲ့ဘယ်ဘက်လက်မှာပတ်ထားတဲ့Seiko Leatherကြိုးအမည်းလေးနဲ့နာရီကအစ အသေးစိပ်ကျကျရေးဆွဲထားလေသည်

စာအုပ်လေးရဲ့အဖုံးမှာဖောင်တိန်နဲ့"Chan"ဆိုတဲ့စကားလုံးကိုခပ်ကြီးကြီး မှင်နက်နက်နဲ့ဖိကာထင်ထင်ရှားရှားရေးထားလေသည်

ထွန်းပေါ်ဦးရဲ့လူတစ်ယောက်အတွက်သီးသန့်ထားထားတဲ့ပန်းချီစာအုပ်လေး. . .

*****

'သားပိုင်အတွက်လေ ပေါ်ပေါ်'
ထမင်းစားပွဲဝိုင်းမှာတင်ထားတဲ့စတီး၃ဆင့်ချိုင့်ကိုစိုက်ကြည့်နေတဲ့ထွန်းပေါ်ဦးကိုကြည့်ကာဒေါ်စိန်မှုံကပြုံးရင်းပြောလေသည်

'သားပိုင်ကမနက်ဆိုအစောကြီးရုံးသွားတာ အလုပ်ကခပ်များများဆိုတော့ အိမ်ကလူတွေကိုအားနာလို့ဆိုပြီး သူ့ဖို့ထမင်းချိုင့်ကိုအစောကြီးထမပြင်ခိုင်းဘူးလေ သက်သက်လွတ်သမားဆိုတော့ အရွက်လေးပဲကြော်ရုံပဲကို နေ့လည်စာကိုအချိန်မှန်မှန်မစားဘဲ အလုပ်ပဲလုပ်တတ်လွန်းလို့ ရှေ့တစ်နှစ်ကအစာအိမ်ဖြစ်လိုက်သေးတယ် မေမေကြီးကအဲ့နောက်ပိုင်းထမင်းချိုင့်ကို သားပိုင်ကိုယူသွားခိုင်းတော့တာ ဒါတောင်တစ်ခါတလေ ထမင်းချိုင့်ကအိမ်မှာကျန်ခဲ့သေးတယ် အခုပဲကြည့် အစောကြီးသွားရရှာတော့ ထမင်းချိုင့်ကပါမသွားရတော့ဘူးပေါ့သားပေါ်ရယ်'
ဒေါ်စိန်မှုံကစားပွဲပေါ်ကထမင်းချိုင့်ကိုကြည့်ကာပြောလာလေသည်

EXCEPTION__Where stories live. Discover now