part (2)

14.7K 932 12
                                    

"အရမ်းမိုက်တာပဲ..."နှင်းတစ်ယောက် ကောင်တာမှာမေးလေးထောက်ရင်း ဧည့်သည်ကိုလိုက်ပို့ဖို့ထွက်သွား‌သော ဆူး ကိုငေးကာ ဆိုလိုက်လေသည်....

"ဟိတ်..ဟိတ်..ကောင်မလေး အလုပ်သွားလုပ်တော့..."နှင်းကို အမြင်ကပ်ကပ်ဖြင့် ငေါက်လိုက်သောသူမှာ ဧည့်ကြို ..ကောင်မလေး ဖြစ်လေသည်....

"လုပ်မှာပါ တကယ်ထဲ ပြောမယ်ဆိုတာကြည့်ပဲ..."နှင်း တစ်ယောက် ဆူအောင့်အောင့်ပြောရင်း ဆူး ကိုကြည့်နေတဲ့အကြည့်တွေကတော့မခွာမိသေးပေ...

"ဟိတ်...နံ့သာ..မမက အရမ်းလှတာနော်..."

"မမအရမ်းလှတယ် လုပ်မနေနဲ့ မမော်လာလို့ ဒဏ်ပေးခံနေရမယ်..."

"ပေးပေးကွာ... မမ ဆူးကလေ အရပ်ကြီးကလည်းအရှည်ကြီး အားကိုးချင်စရာကောင်းလိုက်တာ...ဟော ဆံပင်ရှည်တွေကို ထုံးဖွဲ့ထားပုံကလည်းသပ်ရပ်လွန်းလိုက်သေး...မျက်နှာကလေးဆိုနုဖက်နေတာပဲ အသားအရည်က နှင်းရည်စွတ်ထားသလို ဖြူဥဥလေး..မျက်လုံးမျက်ခုံးကောင်းပုံကလည်း မင်းသမီးရှုံးရတယ်...စကားလေးများပြောရင် နားဝင်ကိုချိုပြီး အသဲကိုအေးသွားတာပဲ..."နှင်း တစ်ယောက် ဆူး ရဲ့အကြောင်းကိုမမောနိုင်မပန်းနိုင်ပြောနေလေသည်...

နံ့သာက နှင်း ကို မျက်ခုံးပင့်ပြပြီး နောက်လှည့်ကြည့်ဖို့ပြောနေပေမဲ့ နှင်းတစ်ယောက်အရေးမလုပ်....
"အလုပ်လုပ်ရင်လည်း အတိအကျဗျာ...ဘာဆိုဘာမှအပြစ်ပြောစရာမရှိတဲ့လူမျိုး...ချစ်လိုက်တာ...အရမ်းအရမ်းပဲ..."

"အဟမ်း..အဟမ်း..."မမော် နှင်းရဲ့အနောက်ရောက်နေခဲ့သည်မှာကြာပြီ... နှင်းကို မမော်‌ခါးထောက်ရပ်ကာကြည့်နေလေသည်....

ချောင်းဟန့်သံကြားလို့ နောက်လှည့်ကြည့်မှ တွေ့လိုက်ရသော မန်နေဂျာ့ကြောင့် နှင်း လန့်ကာ အော်လိုက်လေသည်..
"အမလေး..မမော်ရယ်..လန့်လိုက်တာ...ဘယ်တုံးကရောက်နေတာလည်း...ဟင်"

"ကဲပြောပါအုံး..အလုပ်မလုပ်ပဲ အတင်းတုတ်နေတယ်ပေါ့လေ..ဒီနားလာပြီး..."

"မမော် နံ့သာတို့မပါဘူးနော်...နံ့သာတို့က ကိုယ့်အလုပ်ကိုယ်လုပ်နေတာ..သူကသက်သက်လာစကားပြောနေတာ..."

အန်တီ [ Complete ]Where stories live. Discover now