part (20)

7.7K 585 25
                                    

"မင်း တကယ်ပြောနေတာလား မင်းတကယ်ပဲ ဒေါ်မြူခိုးတိမ်လွှာကို သစ္စာဖောက်တော့မှာလား..." ဒေါ်ဟန်ဆု ၏ အံ့ဩမှုအပြည့်မေးလာသောစကားတို့ကို..

ဆူး ဒေါ်ဟန်ဆုအား တည့်တည့်ကြည့်ရင်း "ရှင်အဲလိုပဲ ဖြစ်စေချင်ခဲ့တာမလား?...အခုရှင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်နေပြီလေ ဘာတွေအံ့ဩပြနေတာလည်း...ရှင်ဝမ်းသာရမှာလေ.." ဟုဆိုလိုက်လေသည်။

ဒေါ်ဟန်ဆု အခုချိန်ထိတိုင်မယုံနိုင်သေးပါ။ ဆူး က ဟန်ဆုကို ဥက္ကဌတင်ဖို့ လက်မှတ်ထိုးပေးမယ်တဲ့လား ဆူး ဆီကနေ အခုလိုအလွယ်တကူရလိမ့်မယ်လို့ မတွေးခဲ့ရိုးအမှန်ပါ။

"တစ်ခုတော့ရှိတယ်...အခုလိုလုပ်တာက အန်တီ့အတွက်ပဲ အဲဒါကြောင့်အန်တီ့ကို ထိခိုက်စေတဲ့သတင်းတွေဖြန့်နေတာတွေ ရပ်ပေးရမယ်...အဲလိုမှမဟုတ်ရင်..."

ဆူး စကားကားမဆုံးခင် ဒေါ်ဟန်ဆု တစ်ယောက်"ရတယ် အခုချက်ချင်းအဲ့သတင်းတွေနဲ့ပတ်သတ်ပြီး ရှင်းပေးမယ်..မင်းဘက်ကသာကတိတည်ပါစေ..."

"တည်စေရမယ်...ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်ထဲ လက်မှတ်ထိုးရုံနဲ့ပြီးတဲ့ကိစ္စမဟုတ်တဲ့အတွက် အကုန်လုံးကို ဒါရိုက်တာ အစည်းအဝေးပွဲမှာပဲ ဆုံးဖြတ်ကြမယ်...ဘယ်လိုလည်း..."

"ရတယ်လေ သိပ်ရတာပေါ့..." ဆူး ဘက်ကတောင်းဆိုသမျှကိုအလွယ်တကူကြည်ဖြူစွာ လက်ခံပေးနေသော ဟန်ဆု သည် သူမအတွက်အကျိုးအမြတ်ကြီးတစ်ခုကြောင့်ဆိုတာ သူမ၏ ပျော်ရွှင်နေတဲ့အသံတို့မှတစ်ဆင့်အတက်သိနိုင်လေသည်။

"မြူရော နေကောင်းရဲ့လား..."ဟန်ဆု ၏ တည်ငြိမ်သောအမေးကြောင့် ဆူး ဟန်ဆုအား တစ်ချက်မျှကြည့်ရင်း မျက်လုံးတို့ကို စားပွဲရှေ့ ကော်ဖီခွက်ကလေးဆီသို့အကြည့်လွှဲလိုက်လေသည်။

"ဟူး..."ခပ်နုနု သက်ပြင်းတစ်ချက်ကိုမှူတ်ထုတ်ရင်း တိုးဖျော့ဖျော့အသံလေးဖြင့် "အန်တီ့ နှလုံးက အခြေအနေမကောင်းဘူးလို့ ပြောတယ်...ထပ်ပြီးအပင်ပန်းခံလို့ဖြစ်မှာမဟုတ်တော့ဘူး..."

"ဟုတ်လား ကျွတ် ကျွတ် သနားပါတယ် ..." ဟန်ဆု ၏ မျက်နှာလေးသည် ဇီးရွက်လောက်မျှသာရှိပြီး ဟန်ဆောင်ကာ ဖုံးကွယ်ပြထားသော သနားရိပ်တို့ဖြင့်ဆိုလာလေသည်။
"စိတ်မကောင်းပါဘူး ဒေါ်မြူခိုးတိမ်လွှာရယ် ကျွန်မမကောင်းကြံဖို့ စဉ်းစားပေမဲ့ ရှင်က ရှင့်ကိစ္စနဲ့ရှင် လျှောမဲ့သူဆိုတော့လည်း ..ဟား..."စိတ်ထဲက ကြိတ်ဝမ်းသာနေသော ဟန်ဆု ၏ ရင်တွင်းစကားများသည် သိပ်ကို ရွံ့ရှာဖွယ်ကောင်းလှပြန်သေးသည်။

အန်တီ [ Complete ]Where stories live. Discover now