part (39)

6.6K 592 66
                                    

"ဘုန်း..."  ဆူး file တွဲအား စားပွဲပေါ်သို့ အားဖြင့်ပြစ်ချလိုက်လေသည် ။ သူမအ‌ပြူအမူသည် ဒေါသတို့စွက်နေလေသည်မှာတော့မလွဲပေ ။

"ဒါကဘယ်လိုဖြစ်တာလည်း ဘာလို့ထပ်ပြီးမပေးတော့ဘူးပြောလာရတာလည်း...ဟမ်..." ဆူး အသံသည်ကျယ်သည်ထက်ပိုကာကျယ်လောင်လာလေသည်။ သူမအလုပ်ကိုတိတိကျကျလုပ်ပါလျှက်ဖြင့် အခုလိုတွေဖြစ်လာတာကိုတော့ ခွင့်မလွှတ်နိုင်ပေ ။

"ဟမ်...မေးနေ‌တယ်လေ..."

"ဟို ဟိုလေ...အရင်တစ်ခေါက်ကယူတာမရှင်းသေးလို့ပါတဲ့..."

"ဘာရယ် အဲဒါကိုရှင်းပြီးလို့စာရင်းထဲမှာလာတင်ထားတာကဘာလည်း.. "
ဆူး အမေးအား ဖြေရှင်းနိုင်ဖို့ စကားတို့မရှိကြပေ။

"တောက်...အလုပ်ကိုအကုန်လုံးဘယ်လိုလုပ်နေကြတာလည်း...အဲဒါကိုတာဝန်ယူပြီးသွားပေးမယ်ဆိုတာ ဘယ်သူလည်း...‌ခေါ်ခဲ့စမ်း..." ဆူး အသံသည် ရုံးခန်းတစ်ခုလုံးကျယ်လောင်စွာထွက်ပေါ်လာလေသည်။ သူမဒေါသတို့သည်ထိန်းချုပ်နိုင်စွမ်းတို့အားနည်းနေလေသည်။

"ဟို ဟိုလေ...."

"ဟိုလေမနေနဲ့ မေးလိုက်ရင်တစ်ယောက်မှမဖြေနိုင်ကြဘူး...တာဝန်ခံက ဦးဟိန်းသူမလား...သူ့ကိုခေါ်ခဲ့..."

"ဦး ဦး ဟိန်းသူကလေ.." ထိုကောင်မလေးသည် ဆူး အား မော့ကြည့်ပြီးခေါင်းငုံ့သွားပြန်သည်။ ကျန်တဲ့သူတွေအကုန်အသံတိတ်နေကြလေသည်။

"ဘာဖြစ်လည်း...ပြောလေ..."

လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ရင်း မရဲတရဲလေသံလေးဖြင့် "ဦးဟိန်းသူက အလုပ်ထွက်သွားပါပြီ..."

"ဘာရယ်...."

"ဟုတ်ပါတယ် အလုပ်ထွက်သွားပါပြီ..."

"ဒါဆို ဘီးလပ်မြေ ကုမ္ပဏီကိုရှင်းရမဲ့ ရာချီတဲ့ ပိုက်ဆံတွေအကုန် သူကယူပြီးတော့ ပြေးတာပေါ့လေ...ဟုတ်လား အဲလိုလား..." ဆူး အံ့ဩမှုနှင့်အတူ နာကျည်းစွာဖြင့် ဆိုလိုက်လေသည်။  ယခုပမာဏသည်လိုတာထက်ပိုများနေလေသည်။ ဆူး ရဲ့ဆောက်လက်စ အဆောက်အဦးတွေအကုန် ဘီးလပ်မြေသာဆက်မရရင် ရပ်လိုက်ရတော့မည်ကြီးသာ။

အန်တီ [ Complete ]Where stories live. Discover now