part (18)

6.9K 554 24
                                    

"မင်း video တွေကိုဖျက်စေချင်ရင် တို့နဲ့အပေးအယူတစ်ခုလုပ်မယ်..."

"ဘာအပေးအယူလည်း..."

"အခုလက်ရှိမှာ မင်းက မြူခိုးတိမ်လွှာရဲ့ ကိုယ်ရေးအရာရှိဖြစ်တာမို့ အားလုံးက မင်းလက်ထဲမှာ အဲ့တော့ လက်ရှိ ကုမ္ပဏီအခြေအနေအရ ဥက္ကဌ အသစ်ရွေးရမဲ့အခြေအနေရောက်နေပြီ..."

"နေပါအုံး ဥက္ကဌ အသစ်ရွေးဖို့ ဘယ်သူမှသဘောမတူဘူးနော်...အန်တီမြူ က အခုချိန်ထိ ဥက္ကဌပဲ ..."

"သူ့ကြောင့် ကုမ္ပဏီထိခိုက်နေတာကို သူ့ကိုပဲဆက်ပြီးထောက်ခံနေမယ်လို့မင်းထင်လား..."

"ဟ ဒါတွေအကုန်လုံးက ခင်ဗျား ညဏ်ဆင်တဲ့အကွက်တွေပဲလေ မဟုတ်မမှန်တာတွေပဲဟာ..."

"ဘာမှလာမပြောနဲ့ အာ့တွေမလိုချင်ဘူး တစ်ခုပဲ လာမဲ့ ဥက္ကဌ အသစ်ရွေး‌ပွဲမှာ မင်းငါ့ကိုထောက်ခံပေးရမယ်..."

"မလုပ်နိုင်ဘူး အစောကတည်းက အန်တီမြူ ကရှယ်ရာအများဆုံးနဲ့ ပိုင်ဆိုင်ထားတဲ့သူပါ သူလွှဲပေးမှသာရပါလိမ့်မယ်...ကျန်းမာရေးအခြေအနေကြောင့် အလုပ်ကိစ္စတွေကျွန်မကိုင်နေတာပဲရှိတာပါ..."

"ကောင်းပြီလေ မင်းမလုပ်နိုင်ဘူးဆိုလည်း သူ့သတင်းတွေငါလည်းမဖျက်နိုင်ဘူး အခြေအနေက ဒါ့ထက်ပိုဆိုးဖို့ပဲရှိတော့တာ...မင်းစဉ်းစားပေါ့..."ဟန်ဆု ဘက်ကဖုန်းကိုအရင်ချသွားလေသည်။

"ရှစ် ဘာလည်းကွာ..." ဆူး တစ်ယောက် ဆေးရုံ ခန်းမှ ဧည့်စားပွဲမှာထိုင်ရင်း စိတ်ညစ်နေရလေသည်။ အန်တီနဲ့ပတ်သတ်တဲ့သတင်းတွေသည် ပျံ့သည်ထက်ပိုလာပြီး အပုတ်ချတဲ့လူတွေပါများလာသည်။ အန်တီ့လက်အောက်မှလူတွေသည်ပင် အချင်းချင်းသွေးကွဲလာတော့သည်။

"ဟူး..." ဆူး မျက်လုံးတို့ကိုခပ်တင်းတင်းဖိပိတ်ပြီး ဆိုဖာ ပေါ်မှီချလိုက်လေသည် ။ ဆူး စိတ်တွေညစ်လှချေပြီ ။ အခြေအနေတွေကဆိုးသည်ထက်ဆိုးလာခဲ့သည်မဟုတ်ပါလား ။ ကုမ္ပဏီ‌ဝင်ငွေလည်ပတ်နှုန်းကအားနည်းလာခဲ့သည်။ ဆူး အန်တီ့ကိုဘယ်လိုတောင်မျက်နှာပြရပါမည်နည်း ။

လေးလန်ထိုင်းမှိုင်းနေတဲ့ စိတ်တွေနှင့်အတူ အန်တီလဲလျှောင်းနေတဲ့ ကုတင်လေးရှိရာသို့လျှောက်လာခဲ့သည်။ ဆူး အန်တီ့ဘေး ခုံလေးမှာဝင်ထိုင်ရင်း မြူ့ လက်တို့အား ဆုတ်ကိုင်လိုက်လေသည်။ ရှည်ရှည်သွယ်သွယ်ဖြူဖျော့ဖျော့လက်တို့ ၌ ဆေးထိုးအပ်တို့ ထိုးစိုက်ထားချေ ရဲ့ ။ အန်တီ ဘယ်လောက်တောင်များ နာကျင်နေရပါမည်နည်း ။ ဆူး မြူ့ ရဲ့ညာဘက်လက်ကလေးကို ပါးပြင်လေးနဲ့အပ်ပြီး ခပ်ဖွဖွ ပွတ်နေမိသည်။
"အန်တီရယ် လွမ်းလိုက်တာ...ဆူးလေ ‌ဆူး ကြောင့် အန်တီ့ကိုထိခိုက်မိပြန်ပြီ...ဆူး မကောင်းဘူး အန်တီရယ်..."

အန်တီ [ Complete ]Where stories live. Discover now