part (5)

11.5K 779 52
                                    

ရာသီဥထုသည် မိုးရာသီဖြစ်တာကြောင့်အေးစိမ့်စိမ့်ရှိလှပေသည်...ဆူး တစ်ယောက် တိတ်ဆိတ်လှတဲ့ကော်ဖီဆိုင်လေးရဲ့ အတွင်းချောင်ကျတဲ့နေရာလေး၌ ထိုင်ကာ ဂစ်တာကြိုးတို့ကိုစိတ်ကြိုက်ညှိနေမိလေသည်...
ညှင်သာသော သံစဉ်လေးတွေကိုလည်း အာရုံစူးစိုက်စွာနား‌ထောင်ရင်းဖန်တီးနေမိလေသည်....

"အမမှာထားတဲ့ ကော်ဖီရပါပြီ..."
Waiter လာချပေးသော ကော်ဖီခွက်ကလေးကို အနားတိုးယူလိုက်လေသည်...

"ကျေးဇူးပါ မောင်လေး..."

"ဟုတ်ကဲ့ လိုအပ်တာရှိရင် ထပ်မှာနိုင်ပါတယ်..."
ဆူး ထိုကောင်လေးအား ခေါင်းတစ်ချက်မျှငြိမ့်ပြလိုက်လေသည်... ထိုကောင်လေးထွက်သွားတော့မှ ကော်ဖီကို တစ်ငုံမျှယူသောက်လိုက်လေသည်...
ဆူးသည် ကော်ဖီအကြိုက်လွန်းလှသည်မဟုတ်သည့်အလျှောက် မိုးအေးအေးဖြင့် ကော်ဖီပူပူလေးအား လိုက်ဖက်လွန်းလှပေသည်...

"အွန်း မဆိုးဘူးပဲ..."ကော်ဖီအား တစ်ကိုယ်တည်းဝေဖန်လျှက်...ကော်ဖီတွေကြိုက်တတ်တဲ့ အန်တီ့ ကိုပြေးလွှားသတိရမိသွားလေသသည်...

"အန်တီဟာ ဆူး အပေါ်ကိုသိပ်ကောင်းလွန်းလှပေသည်..."
ဆူး တစ်ယောက်မကြာသေးမှီက အန်တီ့အိမ်သို့ပြောင်းရွှေ့နေထိုင်ခဲ့လေသည်...အန်တီဟာ ဆူးအတွက်တော့ အဒေါ်တစ်ယောက်လို နွေးထွေးမှုလုံခြုံမှုတွေနဲ့ အမြဲဂရုစိုက်တတ်ပေသေးသည်...
"ဒါပေမဲ့ အန်တီ့ပုံစံက အခုတစ်လောအရမ်းကိုထူးဆန်းနေလေသည်..."
ဆူး တစ်ယောက် အန်တီ့ပုံစံကိုနားမလည်သည့်တိုင် နီးနီးကပ်ကပ်ရှိလှသော အဖြစ်အပျက်တစ်ချို့ကို ‌ပြန်လည်တွေးမိပြန်သည်...

စိတ်ငြိမ်ရပ်ကွက်ထဲသို့ ကားလေးချိုးဝင်လာရုံဖြင့် တိုက်ကြီးများ ခြံကျယ်ကြီးများသည်..စီးကြိုလို့နေလေသည်...

"သူဌေးတွေပဲ နေသော အိမ်ကြီးတွေပဲဟုသာ..စိတ်ထဲ‌ကကောက်ချက်ချမိလေသည်.."

"တီ တီ..."တိတ်ဆိတ်သော ခြံကျယ်ကြီးရှေ့၌ ကားဟွန်းတီးသံတို့ဖြင့် အနည်းငယ် ဆူညံသွားလေသည်...
အန်တီ့ ကားဟွန်းတီးသံကြောင့် အိမ်ထဲမှ ခြံစောင့် များပြေးကာ တံခါးလာဖွင့်ပေးကြလေသည်...ကားလေးသည် အိမ်ရှေ့စက်ြန်လေးထိမောင်းဝင်လာခဲ့သည်...

အန်တီ [ Complete ]Where stories live. Discover now