part (16)

7.5K 609 43
                                    

လေတဖြူးဖြူးတိုက်ခတ်နေတဲ့ကွင်းပြင်ကျယ်ကြီး ဒီနေရာက ဘယ်လိုနေရာလည်း ခါးတစ်ရပ်လောက်ရှိတဲ့ မြက်ပင်ရှည်ကြီးတွေက လေယူရာကိုယိမ်းနွဲ့နေကြတယ် ကွင်းပြင်ကျယ်ဖြစ်တာကြောင့် လေတဖြတ်ဖြတ်တိုက်ခတ်နေခြင်းဖြစ်သည်။ မြူ့ ရဲ့ ဂုတ်ကျော်ရုံဝဲနေသောဆံနွယ်တို့သည် မျက်နှာ တစ်ဖက်ထဲသို့ဖုံးလွှမ်းကာ ‌‌ကြမ်းလှစွာတိုက်ခတ်‌‌သောလေတို့နှင့်အတူ‌မျောလွင့်နေလေသည်။
"ကျွန်မဘယ်လိုနေရာကိုရောက်နေတာလည်း ဘာကြောင့် လူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရတာ ..." စမ်းတဝါးဝါး ဖြင့် လျှောက်လှမ်းလာခဲ့ရတယ် ကွင်းပြင်ကျယ်ကြီးမှလွဲ၍ ဘယ်လိုအရာမှမမြင်ရခြင်းကြောင့် လျှောက်လက်စခြေလှမ်းတို့သည် အားနည်းလို့လာလေသည်။

"အန်တီ..." မြူ့ နားထဲကြားလိုက်ရသော ခေါ်သံတစ်ချက် ။ မြူ ရင်းနှီးနေသော ထိုအသံလေးကြောင့် ဘေးပတ်ဝန်းကျင်အားတစ်စုံတစ်ယောက်ကိုတွေ့လိုတွေ့ညား ရှာလို့နေချေသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှမတွေ့ရချေ ။

မြူ ဘယ်နေရာကိုရောက်နေခဲ့ပါသနည်း ။ စမ်းတဝါးဝါးလျှောက်လာသော မြူ့ မျက်လုံးတို့ယုံမှားနိုင်လောက်အောင် ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲလာပြီး အိမ်ကြီးတစ်အိမ်ပေါ်လာလေသည်။ မြူ့ မျက်လုံးတို့ အရောင်လက်လာလေသည်။ ထိုအိမ်ကလေးထဲမှ ထွက်လာသော အမျိုးသမီးငယ်လေးတစ်ယောက် ။ မြူ့ မျက်နှာမှာအပြုံးတို့ဆင်မြန်း၍ ခြေလှမ်းတို့သည် ထို အိမ်ကြီးရှိရာသို့ သွက်လက်စွာလျှောက်လှမ်းလာခဲ့သည် ။

"အန်တီ..."မြူ့ အား နုညံ့ညှင်သာသော ခေါ်သံလေးနှင့်အတူ ကမ်းပေးနေသော လက်တစ်စုံ ။

"ဆူး..."မြူ မှတ်မိနေသော အမျိုးသမီးလေး၏ နာမည်လေး ။
ထို အမျိုးသမီးလေးသည် မြူ့ အား ခေါင်းတစ်ချက်ငြိမ့်ပြလျှက် ချိုသာသောအပြုံးကိုနှုတ်ခမ်းထပ်လှစွာဆင်မြန်းလျှက် အိမ်ထဲသို့ အရင်ဝင်သွားလေသည်။ မြူ ဆူး ၏ ခြေလှမ်းများမှီအောင်လျှောက်လှမ်းလာရင်း ထိုအိမ်ထဲသို့ လိုက်ဝင်လာခဲ့လေသည် ။

မြူ ထိုအိမ်ထဲသို့ ရောက်သွားတော့ အရာရာဟာ မြူ ထင်သလိုမဟုတ်ပြန်ပေ ။ ဘုရားကျောင်းတစ်ခုလိုနေရာတစ်ခုဖြစ်ပြီး ဘေးတစ်ဖက်စီ၌ ခုံတန်းတို့နှင့်ပြည့်နှက်နေလေသည် ။မြူ ထိုလူတွေကြား၌ ဆူး တစ်ယောက် ရှိနေလေမလား လိုက်ရှာနေမိလေသည်။ မြူ နားမလည်သော ဆုတောင်းသံတစ်ချို့ကို ‌ကြားနေရပြန်သည်။ မြူ ခုံတန်းလေးတစ်ခုပေါ်၌ ဝင်ထိုင်ရင်း ဘေးနားမှ မြူ မသိသောလူတစ်ယောက်အား
"တစ်စိတ်လောက်...ဒါက ဘာပွဲရှိလို့လည်း..."ခမ်းနားထည်ဝါစွာပြင်ဆင်ထားသော ထိုနေရာသည် ရိုးရိုး ဘုရားကျောင်းတစ်ခုတော့ မဟုတ်နိုင်ပေ ။

အန်တီ [ Complete ]Where stories live. Discover now