part (10)

9.7K 640 44
                                    

"ရောက်တုံး ကြာကြာနေမှပေါ့လို့..."ဒေါ်နုနုလွင် ၏စကားကြောင့် မြူ အနုအားပြုံးပြလျှက်..

"အလုပ်ကိစ္စတွေရှိသေးတယ် အနုရဲ့..နောက်တစ်ခါကျမှထပ်လာခဲ့မယ်လေနော်..."

"ဟုတ်ပါပြီ..အမြဲတမ်း အလုပ်ကြည့်လုပ်မနေနဲ့အုံး....ကျန်းမာရေးလည်းဂရုစိုက်အုံး..."အနုသည် အကြီးဟု ခေါ်ရလောက်အောင် မြူ့ အပေါ်အမြဲဂရုတစိုက်ရှိလှပေသည်...

"ဟုတ်ကဲ့..."

"သမီး..ဆူး...ကလည်း မြူခိုးကို စောင့်ရှောက်ပေးပါအုံးကွယ်.."

"ဟုတ်ကဲ့ အန်တီနု...ဆူး အန်တီ့ကို အမြဲစောင့်ရှောက်ပေးမှာပါ..."

"ကဲကဲ..သွားကြ သွားကြ..နေအရမ်းမြင့်နေရင်..လမ်းမှာပူနေမယ်.. "မြူ ‌အနုအား ဖက်ကာနှုတ်ဆက်လိုက်လေသည်..
"အနု..မြူ သွားပြီနော်..."

"အေးအေး...ကားကိုဂရုစိုက်မောင်းကြအုံးနော်..."ဆူး လည်း အနုအားပြုံးလျှက်..နှုတ်ဆက်ရင်း...ကားလေးကို မောင်းထွက်လာခဲ့သည်...

"မမ ..တာ့တာ..."

"တာတာ့နော်..."ဆူး ကားနှင့်အထွက်..လက်လှမ်းပြကာ နှုတ်ဆက်သော..‌ကလေးတွေအားပြန် နှုတ်ဆက်နေလေသည်....

ဆူး အား ဘေးတစ်စောင်းလေးမျက်တောင်မခပ်တမ်း ကြည့်နေသော..မြူ့ အား.."အန်တီ အိပ်ချင်အိပ်ပါ့လား..."

မြူ ခေါင်းလေးကိုခါယမ်းလျှက်"ဟင့်အင်...အန်တီ မအိပ်ချင်ဘူး..အိပ်ရေးဝပြီ..."
မြူ့ အတွက်တော့..ထိုမျှသွားရသော ခရီးတိုလေးသည်..ပျော်စရာကောင်းလှပေသည်...တစ်ညတာ ချစ်ရသူ ရင်ခွင်ထဲအိပ်စက်ခဲ့ရသည်ပင်...ကြည်နူးစရာအတိဖြစ်ချေသည်..

"ဘာတွေပြုံးနေတာလည်း..."

"စိတ်ထဲမှာလေ ကြည်နူး နေသလိုပဲသိလား..."
အမှန်တော့ မြူ မနေ့ညက ကိစ္စကိုပြန်တွေးမိရင်း ပြုံးနေခြင်းဖြစ်သည်...

"လာ အန်တီ့ဘေးနားလေးကို..."မြူ ဆူး အမေးကိုမဖြေပဲ..မြူ့ ဘေးနားလေး၌ ထိုင်စေရန် ကုတင်လေးကိုပုတ်ပြလိုက်လေသည်...

"အန်တီ အနားမှာနေပေးပါနော်..."မြူ ဆူးရဲ့ ရင်ခွင်ကျယ်လေးထဲကို ခေါင်းလေးမှီရင်း ခပ်ချွဲချွဲလေးဆိုလိုက်လေသည်...

အန်တီ [ Complete ]Where stories live. Discover now