part (40)

7.2K 569 56
                                    

"ဒေါ် ဝင်း....အန်တီရော..." ကိတ်မုန့်ဘူးသေးသေးလေးအား လက်ထဲမှာကိုင်ရင်း အိမ်ထဲအဝင်ဝမှဆီးကြိုနေသော ဒေါ်ဝင်းအား ဆူး မေးလိုက်ခြင်းသည်ပင်။

"သမီး မြူ အပေါ်မှာပဲ ထင်တယ်ကွယ့်..." မြူ ဘယ်နေရာမှာရှိနေတယ်ဆိုတာ တစ်အိမ်ထဲနေတဲ့ ဒေါ်ဝင်းတို့တောင်သေချာမသိကြပေ ။

"အော် ဟုတ်ကဲ့..." ဆူး ဒေါ်ဝင်းအားအေးဆေးစွာပြောရင်း မီးဖိုခန်းရှိရာသို့ လျှောက်လာခဲ့လေသည်။

"သမီးဘာလိုလို့လည်း...ဒေါ်ဝင်းဘာလုပ်ပေးရမလည်း..."ဆူး အနောက်မှမီးဖိုခန်းထဲ အတူတူလိုက်ဝင်လာသော ‌ဒေါ်ဝင်းက ဆူး အား ‌ကူညီလိုဟန်ဖြင့်မေးလိုက်ခြင်းသာ။

"အော်...ဆူး အန်တီ့အတွက်ဒါလေးလုပ်ချင်လို့ပါ..." ကိတ်မုန့်ဘူးလေးအား မြှောက်ပြီး ဆူး ဆိုလိုက်လေသည်။

"အော်...ဒေါ်ဝင်းလုပ်ပေးမယ်လေ..."

"ရတယ် ဆူး ဘာသာပဲလုပ်လိုက်ပါ့မယ်...ဒေါ်ဝင်းတစ်ခြားလုပ်စရာရှိတာလုပ်ပါ..." ဆူး မုန့်ဘူးလေးအား ဖွင့်ရင်း ခပ်အေးအေးပင်ဆိုလိုက်လေသည်။

"ဒါနဲ့‌ ဒေါ်ဝင်း  အန်တီ နေ့ခင်းစာရောစားရဲ့လား..." ဆူး အမေးကြောင့် အခန်းဝထိရောက်ပြီးမှ ဒေါ်ဝင်းတစ်ယောက် ဆူး အား လှည့်ကြည့်လာလေသည်။

"သမီးမြူ နေ့ခင်းစာစားပါတယ်..ဒါပေမဲ့ နည်းနည်းလေးရယ်..." ဒေါ်ဝင်းသည်ပင် အမှန်တကယ်စိတ်မကောင်းပေ။

"အွန်းပါ စားတယ်ဆိုရင်ပဲ တော်သေးတာပေါ့..." ဆူး သက်ပြင်းတစ်ချက်ကို ခပ်မျှင်မျှင်ချရင်းသာ ဖြေသိမ့်ရလေသည်။ မြူ့ ရဲ့စိတ်ခံစားချက်တို့အား ဆူး အတက်နိုင်ဆုံးကုသဖို့ကြိုးစားနေပေမဲ့ ပြောသလောက်ကြီးတော့ လွယ်ကူမနေခဲ့သည်မှာ သိနှင့်နေလေရဲ့ ။

"အာ့ဆို ဒေါ်ဝင်းသွားမယ်နော် ..." ဆူး ဒေါ်ဝင်းစကားကိုခေါင်းလေးတစ်ချက်သာငြိမ့်ပြရင်း ဘာမှတော့ပြန်မပြောဖြစ်ခဲ့ချေ ။ ကိတ်မုန့်လေးပေါ်၌ဖယောင်းတိုင်လေးတွေ လိုက်ထွန်းမိနေရင်း သာ။

"ကလေးလေးရေ..." ကောင်းကင်ကြီးကိုမော့ကာ မှိတ်တုတ်တုတ်ကြယ်လေးတွေကို ကြည့်ရင်း ရေရွတ်နေမိသူ‌မှာ မြူ ၊ လွမ်းဆွေးခြင်းများစွာဖြင့်ပြည့်နှင်နေသောရင်ဘတ်ကြီး၌ ဘယ်သူကများ စာနာပေးနိုင်မှာပါလိမ့်။

အန်တီ [ Complete ]Where stories live. Discover now