part (38)

5.9K 496 6
                                    

"အန်တီ...လာလမ်းလျှောက်ရအောင်..." မြူ့ လက်ကလေးကိုဆွဲကာ အိမ်ရှေ့မြက်ခင်း‌လေးဆီသို့တွဲခေါ်လာခဲ့လေသည်။

"နေရတာ ပေါ့ရဲ့လား အန်တီ..."

"အွန်း ပေါ့ပါတယ်ကလေးရဲ့..." ဆူး မြူ့ အားကြင်နာသောအကြည့်တို့ဖြင့်ကြည့်လိုက်လေသည်။ ဗိုက်ဖုံးအကျီလေးကိုဝတ်ဆင်ထားတဲ့သူမက သိပ်ကို လှနေသေးသည်လေ။

မြူ ဆူး ရဲ့လက်ကလေးကိုဆုတ်ကိုင်ရင်း ခြေလှမ်းတိုင်းအား ဂရုတစိုက်ဖြင့် လျှောက်လှမ်းနေမိလေသည်။

"သမီးမြူ ဒါလေးသောက်လိုက်အုံး..."အိမ်ထဲမှ နွားနို့ခွက်ကလေးကိုကိုင်ကာ ထွက်လာသော ဒေါ်ဝင်းက ဆိုလိုက်လေသည်။ ဒေါ်ဝင်းလက်ထဲမှ နွားနို့ ခွက်ကလေးကို ဆူး လှမ်းယူရင်း
"အန်တီ ဒီမှာထိုင်နော်..." အိမ်ရှေ့ မှ ဒန်းလေးရှိရာဆီသို့လျှောက်လာခဲ့ကြလေသည်။"အန်တီဖြေးဖြေး နော်..." ဆူး ဒန်းလေးကို ကိုင်ထားပေးရင်း မြူ့ အား ညှင်သာစွာထိုင်စေခဲ့သည်။

"အွန်း ရတယ်..."

"ရော့ ဒါလေးသောက်လိုက်အုံး..." ဆူး ကမ်းပေးသော နွားနို့ခွက်လေးကို မြူ တစ်ငုံမျှသောက်လိုက်ပြီး ဘေးနားမှခုံလေးပေါ်၌ တင်ထားလိုက်လေသည်။

"အန်တီ မွေးဖို့ရက်ကသိပ်မလိုတော့ဘူးမလား...နေရတာ တကယ်ရောသက်သာရဲ့လား အန်တီရယ်..." ဆူး မြူ့အား သူမရင်ခွင်ထဲ ခိုနားစေကာ မြူ့ ရဲ့လက်ချောင်းသွယ်သွယ်လေးကို ဆုတ်ကိုင်ထားပေးလိုက်လေသည်။

"‌အရမ်းလှုပ်လာတယ်...ကလေး‌လေးက..."

"အန်တီ ဆူး ကိုကတိပေးထားတာ မမေ့ရဘူးနော်.." ဆူး စကားကြောင့် မြူ့ ရဲ့တက်ကြွနေသော မျက်နှာလေးအနည်းငယ်ညှိုးငယ်သွားလေသည်။ မရေရာတဲ့ အရာတွေကိုသူမ အများကြီးထပ်ကာကတိတို့မ‌ပေးရဲတော့ပေ ။တကယ်လို့ အသက်နှစ်ခုသာယှဉ်ရွေးရမယ်ဆိုရင် သူမ ကလေးလေးကိုပဲ ကယ်ပေးစေချင်မိသည်။

"အေးနေပြီအန်တီ အထဲဝင်ရအောင်..." မြူ အတွေးလွန်နေခဲ့သည်လေ  ဆူး ပြောမှအသိတို့ပြန်ဝင်လာလေသည်။

"အွန်း ဝင်ကြမယ်လေ.."

ညနက်သည်ထိ အတွေးများစွာဖြင့်အိပ်မပျော်ခဲ့ပေ ။ "အင်း.......ဟင်း...." မြူ ပလက်အနေအထားလေးမှ ဆူး ဘက်လှည့်ရင်း နှုတ်ခမ်းလေးအားကိုက်ကာဖြင့်ခပ်ညီးညီးလေးအသံထွက်လိုက်လေသည်။ မြူ့ ညီးသံလေးကြောင့် ဆူး နိုးသွားမည်ကိုလည်းမလိုလာခဲ့ပေ ။ မွေးရက်ကနီးလားလို့ပေလားမသိ သူမဗိုက်ကမကြာခဏနာနေတတ်သည်လေ။ မြူတစ်ယောက် သူမဗိုက်လေး အနာသက်သာစေရန် အနည်းငယ်လေးထိန်းကိုင်လိုက်လေသည်။ ပုံမှန်ထက် ပိုသာစွာနာနေသည်မှာ သူမနှဖူး၌ ချွေးစေးလေးများက သက်သေတည်နေသည်။

အန်တီ [ Complete ]Where stories live. Discover now