part (15)

9K 618 53
                                    

"ရောက်ပြီအန်တီသွေး...ဒီအိမ်လားလို့"ဆူး သွေး၏ အိမ်ရှေ့သို့ ကားစက်ရပ်ရင်း ဆိုလိုက်လေသည်။

"အိမ်ထဲလိုက်ခဲ့အုံး ဆူးလေး.."

"မလိုက်တော့ပါဘူး အန်တီရယ် အခုချိန်ကဆူးရဲ့ အလုပ်ချိန်လေ..."ဆူး နာရီကိုကြည့်ရင်း ဆိုလိုက်လေသည်။ အမှန်တော့ ဆူး အန်တီမြူနှင့်သာတွေ့ချင်နေမိပါသည်။

"ဘာဖြစ်လည်း ဒီနေ့ အလုပ်မသွားနဲ့တော့လေနော် နော် အန်တီအိမ်ထဲလိုက်ခဲ့ပါဆို.. " ဆူး ရဲ့လက်တို့ကို ဆွဲရင်းချွဲချွဲနွဲ့နွဲ့‌ဆိုလာသော သွေးစကားကြောင့် ဆူး လည်းဆက်ပြီးမငြင်းနေတော့ပဲ ။

"အွန်းပါ ဆူး လိုက်ခဲ့ပါ့မယ်..."
သွေး ဆူး ကိုလက်တွဲရင်းအိမ်ထဲသို့ခေါ်လာခဲ့သည်။

"ဆူး ဒီမှာခဏထိုင်အုံးနော် အန်တီ ဆူး အတွက် တစ်ခုခုလုပ်ခဲ့ပေးမယ်..."သွေး တစ်ယောက်တော့ အပျော်ကြီးပျော်စွာဖြင့် ထမင်းစားခန်းထဲသို့လျှင်လျှင်မြန်မြန်ဝင်သွားလေသည်။

ဆူး ဆိုဖာခုံပေါ်ခပ်လေးလေးထိုင်ရင်း ဧည့်ခန်းလေးအားအကဲခပ်လို့နေလေသည်။
ခဏအကြာ ဆူး အနားသို့ ကုတ်ချောင်းချောင်းဖြင့်ကောင်လေးတစ်ယောက်ရောက်လာလေသည်။ ငယ်ရွယ်သေးသော ထိုကလေးငယ်မှာ ပေကပ်ကပ်ဖြင့် ဆိုဖာခုံကိုမှီရင်း ဆူး အနား၌ ရပ်နေလေသည်။
ထိုကလေးကား အန်တီသွေး၏ သားသာဖြစ်ရပေမည်။ ဆံပင်ကိုကေတိုတိုမျှညှပ်ထားသော ထိုကလေးသည် မျက်နှာလေးအားကြည်လင်း၍တောက်ပနေလေသည်။ မျက်လုံးနက်နက်ကလေးများမှာ ‌လှပသလောက် ညှိငယ်လို့နေရှာသည်။

‌ကလေးချစ်တတ်သော ဆူး တစ်ယောက် "သား လာလေ အန်တီ့အနားကို..."

ဆူး ထံမှလှိုက်လှဲစွာ ကြိုဆိုသောစကားကြောင့် ထိုကလေး၏ ခြေလှမ်းများသည် ရှေ့သို့အနည်းငယ်တိုးလာလေသည်။
"လာလေ မကြောက်ပါနဲ့..."ဆူး က မလှမ်းမကမ်းမှထိုကလေးလေးအားလှမ်းဆွဲရင်း အနားမှာထိုင်စေခဲ့သည်။

"သား နာမည်ဘယ်လိုခေါ်လည်း..."

"သား နာမည်က ..ဘုန်းတင့်မော်...ပါအန်တီ"ဘုန်းလေးမှာ ဆူး အား ကြည့်ရင်း သွက်လက်စွာဆိုလိုက်လေသည်။

အန်တီ [ Complete ]Where stories live. Discover now