part (13)

8.6K 688 62
                                    

"တောက်...."ဆူး ၏ ဒေါသမာန်တို့ကြောင့် ထွက်ပေါ်လာသော တောက်ခေါက်သံတစ်ချက်သည် ‌စားသောက်ဆိုင်လေးအတွင်း ဘေးဝိုင်းမှ လူတို့ပါ ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။

ဆူး ဘေးပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ရင်း စားပွဲပေါ်မှ ရေတစ်ခွက်ကို အမောပြေစေရန် ကုန်စင်အောင်မော့သောက်ချလိုက်လေသည်။
နာရီကိုကြည့်မိရင်း ဒေါသတို့ပိုထွက်လာရသည်။ ဆူး အန်တီသွေးကိုစောင့်နေခဲ့သည်မှာကြာခဲ့ချေပြီ။ လက်ထဲမှ ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားသော ဓာတ်ပုံအပိုင်းအစလေးသည် တွန့်ကျေလို့နေလေသည်။

"ဆူး..." အသံနှင့်အတူ ဆူး ရှိသောနေရာသို့လျှောက်လာသော အန်တီသွေး ။ ချောမောလှပသော မိန်းမတစ်ယောက်ဟု ဆိုရသော အန်တီက ယဉ်နွဲ့သောခြေလှမ်းတို့ဖြင့် လျှောက်လှမ်းလာလေသည် ။ အမြဲတမ်း ပြုံးပြတတ်ဟန်ရှိသော ထိုအပြုံးပိုင်ရှင်အမျိုးသမီးသည် ယခုလည်း ဆူး အားပြုံးပြနှူတ်ဆက်လို့နေလေသည်။ ဆူး အတွက်တော့ ထိုအပြုံးတွေသည်ပင် ‌ စိတ်ကသိကအောင့်ဖြစ်လို့နေရလေသည်။

"အန်တီ နည်းနည်းနောက်ကျသွားတယ် ဆူးရယ်..."
ဆူး ကတော့ သွေး၏ စကားကို စိတ်မဝင်စားဟန်ဖြင့်

"ဘာလည်း အိမ်က အမျိုးသားက မလွှတ်လို့လား..." ဆူး ၏ ခနဲ့တဲ့တဲ့ စကားလုံးတို့သည် သွေး ရင်အား စည်းကာ ကန်ချလိုက်သည့်အလား ပြင်းထန်လှပေသည်။

"ဆူး က ဘာကိုပြောချင်တာလည်း " သွေး တစ်ယောက် ဆူး ၏ စကားတို့ကို နားမလည်ဟန်စွာဖြင့် မျက်မှောင်ကိုအနည်းငယ်ကျုံ့ရင်း ဆိုလိုက်လေသည်။

"အန်တီ ဆူး ကိုဘာလို့လိမ်ခဲ့တာလည်း..."

"ဘာကိုလည်း ဆူး ရဲ့..."

"အန်တီမှာ အိမ်ထောင်ရှိတဲ့အကြောင်းပေါ့ ဘာကြောင့် ဆူး ကိုမပြောပြခဲ့တာလည်း နောက်ပြီး ဘာကြောင့် ဆူး ကို အဲလိုအခြေအနေမှာချစ်ရေးဆိုခဲ့တာလည်း..."

"ဆူး အဲဒါကိုဘယ်ကသိလာတာလည်း..."

"ဘယ်ကသိသိပါ ဘာလည်း အန်တီမှာ အိမ်ထောင်မရှိပါဘူးလို့ လိမ်အုံးမလို့လား...အန်တီ လိမ်မယ်ဆိုရင်တော့ မှားသွားမယ်နော် "ဆူး သွေး ရှေ့ ၌ တွန့်ကျေနေသော ဓာတ်ပုံ တို့အား ချပြရင်း ဆိုလိုက်လေသည်။

အန်တီ [ Complete ]Where stories live. Discover now