part (6)

10.7K 696 40
                                    

သွေး ကားလေးအား ဂရုတစိုက်ဖြေးဖြေးမောင်းလာရင်း သွေးအကြည့်တို့ တစ်နေရာအရောက်၌ ရပ်သွားလေသည်...
"ဆူး..."ခပ်တိုးတိုးမျှရေရွတ်သံလေးသည် ပင် မည်မျှကျယ်သွားသည်မသိပါ နှလုံးသားတစ်ခုလုံး နွေးထွေးကာ လှုပ်ရှားသွားရသည်...
"အချစ်ဆိုတာ ဒါလား"..ဘဝမှာ အချစ်ဆိုတာ အရေးမပါတဲ့အပိုင်းအဖြစ်နှင့် ရှိခဲ့သော ကျွန်မက သူမကိုတော့ ချစ်မိနေခဲ့သည်ထင်သည်...
လူတစ်ယောက်ကို နာမည်လေး တစ်လုံးသာ သိခွင့်ရပြီး ချစ်နေမိသည်မှာ ဖြစ်သင့်ရဲ့လားလို့ အကြိမ်ကြိမ်မေးယူရပေလိမ့်မည်...

ပထမဆုံးတွေ့သောအချိန်က ကျောလည်လောက်ရှိမည်ဖြစ်သော ဆံနွယ်ရှည်တို့ကို ထုံးဖွဲ့ထားသော သူမသည်..အခုတော့ ဖြည်ချထားလေသည်..သိပ်လှ သိပ်ရှည်သော ဆံနွယ်တို့ဖြစ်လေသည်...ခေါင်းလေးစောင်းလျှက် ဆံပင်တို့ကိုတစ်ဖက်စောင်းလေးချထားလေသည်...သူမသည်..မိန်းကလေးတစ်ယောက်လိုနုယွသည့်တိုင် ဂစ်တာကြိုးတို့ကိုကိုင်ဆောင်ထားသော လက်တို့သည်..သန်မာလှပေသည်...

"တီ တီ...တီ..."
"ဟေး..ရှေ့မှာဘာလို့ပိတ်ရပ်နေတာလည်း..နားမကြားဘူးလား "နောက်ကားဆီမှကျယ်လောင်သော ကားဟွန်းတီးသံနှင့်အတူ အော်ဟစ်ဆဲဆိုသံများ...

သွေး ထိုအခါမှသတိထားမိလေသည်..ကော်ဖီဆိုင်လေးထဲမှ ဆူး အား မှန်ပြတင်းပေါက်တို့မှငေးကြည့်နေရသည်မှာ..အချိန်အတော်တန်ကြာခဲ့ချေပြီ...ကားကို လမ်းဘေးသို့ချရပ်လိုက်လေသည်...

"ဘယ်လိုလူလည်း ကားကို ဘယ်လိုမောင်းနေတယ်မသိဘူး...လမ်းပေါ်လာပိတ်ရပ်နေတာ...သွားစရာကအရေးကြီးပါတယ်ဆို..ဘယ်လိုလူတွေနဲ့လာတွေ့နေတယ်မသိဘူး.."သွေး ၏ နောက်ကားမှ အရေးကြီးဟန် ရှိသော လူကြီးသည်...ဒေါသကြီးစွာဆဲဆိုနေပြန်သည်...

"ဟူး..."လေပူတစ်ချက်ကိုမှုတ်ထုတ်လျှက် ကားစက်သတ်လိုက်လေသည်...
"ငါ ဘယ်လောက်ထိ သတိလက်လွတ်ဖြစ်သွားသည်လည်း...လမ်းပေါ်မှာကို ကားပိတ်ရပ်မိနေသေးသည်..." ကိုယ့် အဖြစ်ကိုယ်ရှက်စွာ ပြန်တွေးမိရင်း ပြုံးလိုက်မိသည်...

အထွေအထူး ကိစ္စမရှိခြင်းကြောင့် ကားအား ကော်ဖီဆိုင်လေးရှေ့သို့ထိုးကာ သူမဆီ သို့ ထွက်လာခဲ့လေသည်..ဆိုင် တံခါးတို့ကိုဖွင့်ပြီး ဝင်လာတဲ့အချိန်၌ နီးကပ်လာသော ခြေလှမ်းတို့နှင့်အတူ နှလုံးသားတစ်စုံသည်..ရင်ခုန်ခြင်းများစွာဖြင့်လှုပ်ရှားလာရသည်....

အန်တီ [ Complete ]Where stories live. Discover now