part (19)

7.5K 634 52
                                    

"ကျီ...."ဆူး တစ်ယောက် အန်တီ့အတွက်လိုအပ်တဲ့ ဆေးတွေဝယ်ပြီး အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။

"အန်တီ ဖုန်းကြည့်နေပြန်ပြီလား..." ဆူး အခန်းထဲဝင်လာမှ မြူ ဖုန်းကိုပိတ်လိုက်သည်ကိုမြင်၍ မေးလိုက်ခြင်းဖြစ်လေသည်။

"ပျင်းတာနဲ့ကွယ် ခဏလောက်သုံးမိတာပါ..."မြူကကုတင်ဘောင်လေးကိုမှီရင်း ခပ်နွဲ့နွဲ့လေးဆိုလာသည်။

"မသုံးပါနဲ့အုံးအန်တီရယ် နေကသိပ်ကောင်းတာလည်းမဟုတ်ပဲနဲ့နော်..." ဆူး မြူ့ လက်ထဲက ဖုန်းကိုလှမ်းယူဖို့လက်ကမ်းလိုက်လေသည်။

"ခဏပါပဲကွယ်နော်..."

"ဟာ မရဘူး ပေး ဆူး ကို.. " မြူ က ဖုန်းကို ‌ဖွက်လေဆူးက အတင်းလိုက်လုလေဖြင့်ရုန်းရင်းဆန်ခတ်ဖြစ်ရင်း မြူ့ အပေါ် ဆူး မှောက်ကာလဲကျသွားလေသည်။

ခဏတာမျှကြာမြင့်သောထိုအချိန်ခဏလေး၌ မျက်လုံးချင်းဆုံမိသောအကြည့်တို့သည် ရင်ဘတ်တစ်ခုလုံးပေါက်ထွက်လုမတက်ခံစားရလေသည်။

"ဒေါက် ဒေါက်..."တံခါးခေါက်သံနှင့်အတူ အခန်းထဲသို့ဝင်လာသော မမော်တစ်ယောက် ဆူး တို့ဖြစ်နေပုံကိုကြည့်ကာ အံ့ဩသွားရသည်။"အဟမ်း..."

မမော် ချောင်းဟန်သံကြောင့် ဆူး တစ်ယောက် မြူ့ ခန္တာကိုယ်လေးပေါ်မှ အပြေးအလွှားထရင်း ဆံပင်တို့ကိုသတ်ကာ ဘေးနား၌ရှက်ရှက်ဖြင့်မတ်တပ်ရပ်နေလိုက်သည်။

မမော်နောက်မှ ရှေ့ဆင့်နောက်ဆင့်ဝင်လာသော လူနှစ်ယောက်ကြောင့် ဆူး ၏ ရှက်ပြုံးလေးပင်ခဏချင်းပျောက်ကွယ်ရလေသည်။ဝင်လာသောထိုလူနှစ်ယောက်မှာ ဒေါ်ဒေါ်ဝင်းနှင့်ကောင်မလေးတစ်ယောက်သာဖြစ်သည်။ ဆူး အကြည့်တို့သည်ထိုကောင်မလေး၌ ရပ်တန့်သွားလေသည်။ "ဟုတ်တယ် အဲ့ကောင်မလေး အန်တီ့နားကိုကပ်နေတဲ့ကောင်မလေး..."ဆူး အပြုံးတွေခဏချင်းပျောက်ကွယ်သွားရခြင်းမှာ ထိုကောင်မလေးကြောင့်သာဖြစ်လေသည်။

"ဒေါ်ဝင်း..."မြူ တစ်ယောက် တောက်ပဝင်းလက်သော မျက်ဝန်းတို့ဖြင့် ဒေါ်ဝင်းအားအားတက်သရောခေါ်လိုက်လေသည်။

"သမီးလေးမြူ..." ဒေါ်ဝင်းသည်ပင်ဟန်မဆောင်နိုင်ပဲ ပါလာသောအထုတ်လေးတို့ကိုပင် အနားရှိခုံလေး၌ချကာ မြူ့ အား ဖက်တွယ်ထားလေတော့သည်။

အန်တီ [ Complete ]Where stories live. Discover now