part (4)

12.1K 797 25
                                    

မြူ့ ရုံးခန်းထဲမှထွက်သွားသော ဆူး၏ နောက်
ကျောပြင်လေး‌ကိုခပ်တွေတွေငေးကြည့်ရင်း မြူ တစ်ယောက် သက်ပြင်းရှည်ကြီးချလိုက်မိလေသည်...

"ဆူး ကလေးလေး...မင်းစိတ်တွေဘယ်ဆီကိုရောက်နေသလည်း..."မြူ ခပ်တိုးတိုးရေရွတ်လိုက်မိလေသည်...

မြူ ပြည်ပသို့အလုပ်ကိစ္စနှင့်ခရီးသွားရင်း ဆူး အားစောင့်ကြည့်ဖို့ လူလွှတ်ကာခိုင်းထားမိလေသည်...
ဆူးနှင့်ပတ်သက်သမျှ အကြောင်းအရာတွေအကုန် မြူ သိနှင့်နေလေသည်...

"ဆူး...ဆူး..."

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က...
မြူ နိုင်ငံခြားက မြန်မာပြည်သို့အပြီးပြန်လာပြီး မိဘအမွေ hotel အလုပ်ကိစ္စတွေကိုဦးစီးဖို့အကြောင်းဖန်လာခဲ့လေသည်...မြူ့ ရဲ့အချိန်တော်တော်များများကို နိုင်ငံခြားမှာပညာသင်ရင်းကုန်ဆုံးခဲ့လေသည်....ပညာမစုံခင် မိဘတွေဆုံးပါးသွားပြီးနောက် ပိုင်ဆိုင်မှုအကုန် ဦးလေးလက်ထဲသာထားခဲ့ပြီး မြူ ပညာစုံတဲ့အခါ မြူ့ကိုလွှဲအပ်ပေးခဲ့လေသည်...
မြူ hotel အတွက်လည်း ဝန်ထမ်းအသစ်တွေခေါ်ယူခဲ့သောအချိန်တုံးက ဆူး ဆိုတဲ့ ထိုကောင်မလေးကို ပထမဆုံးတွေ့ခဲ့ရလေသည်...

"နာမည်ဘယ်လိုခေါ်လည်း..."

"ဆူး ခက် သွယ်ပါ..."

"ဘွဲ့ရပြီးသားနော်.."

"ဟုတ်ကဲ့..."
အလုပ်နှင့်ပတ်သတ်သော သူမ၏ကိုယ်ရေးအချက်အလက်ထက် ထိုကောင်မလေးကို မြူ ပိုသာစွာသဘောကျနေခဲ့မိသည်..

"အန်တီက အခုချက်ချင်းအလုပ်ခန့်ပေးမှာမလို့ ကြိုးကြိုးစားစား လုပ်ပေးဖို့တော့လိုတယ်နော်.."ရိုးသားသော သူမ၏ပုံလေးအား ပို၍ပင်သဘောကျခြင်းကြောင့် မြူ အလုပ်ခန့်ခဲ့ခြင်းဖြစ်လေသည်...

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်.."ထိုအချိန်တုံးက ထိုကလေးငယ်လေးသည် ငယ်ရွယ်သွက်လက်သောသူလေးသာဖြစ်လေသည်.....
ငယ်ရွယ်သူပီပီ လေ့ကျင့်ခန်းလိုက်စားဟန်ရှိသော သူမသည် ခန္တာကိုလှပေသည်...မျက်လုံးမျက်ဖန်ကောင်းပုံနှင့် ရိုးသားသောအကြည့်တို့သည် မြူ့ အားမျာစွာဆွဲမက်စေခဲ့လေသည်...
အပြုံးချိချိုနှင့် ဆံနွယ်ရှည်တို့ကို ထုံးဖွဲ့ထားမှုသည် မြူ့ ရင်အားခုန်စေခဲ့လေသည်...
မြူ့ အတွက်တော့ ဆူး၏ အရပ်ရှည်ကြီးသည်ပင်လျှင် အားကိုးရာနှင့် ဆူးရင်ခွင်ကျယ်ကျယ်သည်ပင်လျှင်မြူ့ အတွက် တိတ်တခိုး ခိုနားရာရင်ခွင်လေး ဖြစ်ခဲ့‌လေသည်...

အန်တီ [ Complete ]Where stories live. Discover now