part (33)

8.1K 584 29
                                    

ဆူး တစ်ယောက် ရေချိုးအပြီး ပုဝါလေးဖြင့်မျက်နှာကိုသုတ်ရင်း အခန်းထဲသို့ဝင်လာခဲ့လေသည်။ မွှေ့ရာလေးပေါ်၌ အဆင်သင့်တင်ထားသော အဝတ်ခေါက်လေးကိုတွေ့တော့ မျက်နှာပေါ်၌ပြုံးရိပ်တို့ ခိုကပ်လာလေသည်။

မြူ့ ကိုကြည့်မိတော့ မှန်တင်ခုံရှေ့၌ အလှပြင်နေချေရဲ့ ။

"အန်တီရယ် ဒါတွေထိပါလိုက်မလုပ်ပါနဲ့ဆို...ပင်ပန်းမှာစိုးလို့ပါ...ဆူး ဘာသာလုပ်လို့ရတာပဲ..."
ဆူး အဝတ်တစ်ချို့ကိုကောက်ဝတ်လိုက်လေသည်။ ဆူး အမြဲတမ်းထိုသို့ပြောပေမဲ့ မြူ ကလုပ်မြဲသာ။ အပေါ်ဝတ် အကျီကုတ်ကလေးကိုဝတ်မယ်ပြင်ပြန်တော့ မြူက အကျီလေးကိုဖြန့်ကာဖြင့် လက်ရှိုစေခဲ့သည်။
"ပင်ပန်းတာမှမဟုတ်ပဲ ဇနီးတစ်ယောက်အနေနဲ့ အစစအရာရာလုပ်ပေးချင်ခဲ့တာပါ.."

"ဟုတ်ပါပြီ...ဒီနေ့အလုပ်ကိုမလိုက်ခဲ့ရဘူးနော် အန်တီ..."

"အွန်းပါ ဆူး ရဲ့.." ဆူး ရဲ့ အကျီ‌ကြယ်သီးတို့ကို စနစ်တကျတက်ပေးရင်း မြူ ဆိုလေသည်။ ထိုအမျိုးသမီးလေးသည် ဆူး အား အားကိုးရသူပမာ ရိုကျိုးခဲ့သည်ကြီးသာ ။

"နေလည်းသိပ်ကောင်းတာမဟုတ်ဘူး အန်တီရယ်..." မြူ့ ရဲ့ နှဖူးလေးကိုဖွဖွလေးနမ်းရင်း ဆူး ကဆိုလိုက်လေသည်။ မြူ တစ်ယောက်ကတော့ ဆူး ရဲ့ အကျီလက်တို့ကိုခေါက်ပေးရင်း အလုပ်ရှုပ်နေချေရဲ့ ။ မြူ့ ရဲ့ကျန်းမာရေးမှာအခုတစ်လောအနည်းငယ်ချူချာနေခြင်းကြောင့် ဆူး စိုးရိမ်နေရခြင်းဖြစ်လေသည်။

"အွန်း စိတ်မပူပါနဲ့ အန်တီက ကလေးမှမဟုတ်တော့တာ..."

"ကလေး မဟုတ်လို့သာပေါ့လို့ ကလေးလေးသာဆို..အာခံတွင်းထဲငုံထားပြီး သွားလေရာခေါ်သွားမှာပါနော်..."

"ကြည့်ပါအုံး ပြောနေပုံလေးက ချစ်စရာကောင်းလိုက်တာ..." မြူ ဆူး ရဲ့ အကျီလေးကို ဆွဲကာ ခြေဖျားလေးထောက်ပြီး နှုတ်ခမ်းလေးကိုနမ်းရှိုက်လိုက်လေသည်။ ဆူး မြူ့ ရဲ့ခါးလေးကိုအလိုက်သင့်လေးထိန်းထားပေးလိုက်သည်။အနမ်းတို့ရှည်ကြာသွားလေသည်။

နှုတ်ခမ်းချင်းကွာသွားသည့်တိုင် ဆူး ရဲ့လက်ကလေးတို့သည် မြူ့ ခါးလေးကို ကိုင်ထားမြဲ ။ မြူ ဆူး ရဲ့ ခါးလေးကိုပြန်သိုင်းဖက်ရင်း ရင်ခွင်ထဲသို့ မျက်နှာအပ်လိုက်လေသည်။ ထိုအပြုအမူလေးသည် မြူ၏မနက်တိုင်း ပြုမူနေသောအပြုအမူလေးတွေသာဖြစ်လေသည်။

အန်တီ [ Complete ]Where stories live. Discover now