Part (43)

6.5K 544 39
                                    

" ဆူး...နောက်ကျ‌တယ်နော်...ဘယ်သွား‌နေ..." မြူ့ ရဲ့စကားတို့မဆုံးခင်မှာပဲ ဆူး အိပ်ရာပေါ်သို့ပြစ်လှဲချလိုက်ပြီး စကားကိုပိတ်ကာပြောလိုက်လေသည်။

"အန်တီ ဘာသိချင်လို့လည်း ပင်ပန်းနေလို့ဆူး နားတော့မယ်..."

"ရေမချိုးတော့ဘူးလား...ဆူး" မြူ့ အမေးကိုဆူး မဖြေပဲ အိပ်ပျော်နေချေပြီ ။

"ဟူး..." မြူ ဆူး ရဲ့ ဘေး ၌ အသာအယာထိုင်ရင်း ဆူး ရဲ့မျက်နှာပေါ်၌ရှုပ်ရှပ်ခက်နေတဲ့ ဆံနွယ်ရှည်တို့အား သပ်ကာ တင်ပေးလိုက်လေသည်။
"အို...ကလေး..." မြူ ဆူးပါးပေါ်မှဓားခြစ်ရာလေးအား တွေ့သွားလေသည်။ ဒဏ်ရာလေးမှာအနည်းငယ်သွေးစို့နေချေသည်။

"ဆူး ရယ် ရန်ဖြစ်လာပြန်ပြီလား မသိပါဘူး ဒီကလေးနှယ်.." အရက်ပြန်လေးနှင့်ဆေးပြီး အနာကပ်ပလာစတာလေးကပ်ကာ ဆေးထည့်ပေးနေမိသည်။ ဆူး မြူ့ အပေါ်မှာစိမ်းနေပေမဲ့ မြူကတော့ မေတ္တာမပြတ် ချစ်မြတ်နိုးနေမိသည်သာ။

ဆူး မြူ့ အား ခပ်မာမာပြောပြီး အိပ်ရာပေါ်လှဲနေသည့်တိုင် အိပ်မပျော်ခဲ့ပေ ။ ဆူး ဘေးနား၌ ဘေးတဇောင်းလေးအိပ်ပျော်နေသော မြူ့ အား ငေးကြည့်ရင်း " အန်တီ ရယ် ဆူး အတွက်နဲ့ဘာကြောင့်များ အပင်ပန်းခံနေရတာပါလိမ့်...ဆူး အန်တီ့ကိုအားနာနေမိပါပြီ..." ဆူး မြူ့ အား အရွဲ့တိုက်ခဲ့သည်မှာကြာပြီလေ ။ သူမ လုပ်ချင်တာသာတဇွတ်ထိုးလုပ်တတ်နေပြီ ။ ဆူး တို့အိမ်ထောင်ရေးမှာ ကြင်နာမှုတို့ နည်းပါးခဲ့ပြီ ။

"ဆူး...မနက်စာစားသွားအုံးလေ..." မီးဖိုခန်းမှ စားပွဲလေးပေါ်၌ ထိုင်နေသော မြူသည် ဆူး အား လှမ်းကာ ခေါ်လိုက်လေသည်။

"ဆူး မစားတော့ဘူး..." ပြတ်သားသော စကားတစ်ခွန်းကိုသာဆိုရင်း ခေါက်လက်စအကျီ‌လက်ကိုခေါက်ကာ ကားမောင်းပြီးထွက်သွားလေသည်။ ထိုအပြုအမူသည် ရိုးအီနေခဲ့လေပြီ ။

"ကဲ ပါ သူ မစားလည်း သမီးကတော့ စားလေကွယ်..သူ့ အတွက် အိမ်ကမနက်စာထက်ကောင်းတာတွေရှိနေလို့နေမှာပေါ့..." စားလက်စ ထမင်းတို့အား ဇွန်းဖြင့် ထိုးဖွနေသော မြူ့ အား ဒေါ်ဝင်းမှလှမ်းကာသတိပေးလိုက်လေသည်။

အန်တီ [ Complete ]Where stories live. Discover now