part (14)

8.7K 639 26
                                    

"အွင်း..."အိပ်ရာထပ်၌ လူးလှိမ့်ရင်း ဆူး တစ်ယောက် ညီးလိုက်မိလေသည်။ ‌အရက်ကြောင့်ဖြစ်မယ် ခေါင်းတစ်ခုလုံးအုံကာကိုက်ခဲလို့နေလေသည်။

"နိုးပြီလား ဆူး... morning ပါ " ဆူး အိပ်ယာဘေးနားက မှန်တင်ခုံလေးပေါ်မှာထိုင်ရင်း ဆူး အားနှုတ်ဆက်လိုက်သော မြူ ။

ဆူး တစ်ယောက် အိပ်ရာထပ်မှ အန်တီမြူ့ အား ပြုံးပြုံးလေးကြည့်နေမိလေသည်။ အလင်းရောင်တို့ ဝင်ရောက်စပြုနေသော အခန်းလေးထဲ၌ သိပ်ကိုလှပတင့်တယ်သော အမျိုးသမီးလေးတစ်ယောက် မှန်တင်ခုံရှေ့၌ ကျော့မော့စွာထိုင်ရင်း အမြဲလိုတင့်တယ်လှပနေသော မျက်နှာတော်လေးအား အလှကုန်တစ်ချို့ဖြင့် ချယ်သနေလေ‌ရဲ့ ။

မြူ တစ်ယောက် နားကပ်တစ်ဖက်ကိုယူရင်း နား၌ အားကျိုးမာန်တက် တပ်ရင်း ဆူး အားလှည့်ကြည့်ကာမေးဆက်ပြရင်း
"ဘာတွေအဲ့လောက်တောင်ကြည့်နေတာလည်း..."လို့ ဆိုလိုက်ပြန်တော့ ။

"လှလို့ လေ အန်တီ ကအရမ်းလှတာပဲ..."

"အပိုတွေ ပြောပြန်ပြီ..."

"အန်တီ ဆံပင်မစည်းဘူးလား ဆူး စည်းပေးမယ်လေ..."အိပ်ရာပေါ်မှ အပြေးအလွှားဆင်းရင်း မြူ့ ဆံနွယ်တို့ကို လာရောက်ကိုင်တွယ်နေသော ကလေးငယ် ။

မြူ့ ဂုတ်ကျော်ရုံမျှဝဲကျနေသော ဆံနွယ်တို့ကိုလက်ကလေးဖြင့် ကပျာကယာဖိရင်း "အို...မလုပ်ပါနဲ့ အန်တီ ဒီနေ့ ဆံပင်မစည်းဘူး..."
အန်တီ့ထံမှ ဆံပင်မစည်းဘူးဆိုတဲ့ စကားကြောင့် ဆူး တစ်ယောက် အတော်အံ့ဩသွားရလေသည်။ မြူခိုးတိမ်လွှာဆိုသော ထိုအမျိုးသမီးလေးသည် အမြဲလိုလို‌ ဆံပင်လေးတို့ကိုသပ်ရပ်စွာစည်းနှောင်ထားတတ်သေးသည်မဟုတ်ပါလား ။

"ဘာလို့လည်း အန်တီ က..."ဆူး တစ်ယောက် မြူ့ ရဲ့ ချထားမြဲဆံနွယ်တို့ကိုနှုတ်ခမ်း‌လေးဖြင့် အသဲယားစွာနမ်းရှိုက်ရင်း ပြန်လည်မေးခွန်းထုတ်လိုက်လေသည်။

"ဘာရယ်မဟုတ်ပါဘူး...ဒီနေ့ဆံပင်ချထားရမလားလို့..." မှန်ထဲမှ မြူ့ ဆံနွယ်တို့အားနမ်းရှိုက်လိုက်သော ဆူး ပုံလေးမှာ မြူ အား ရင်ခုန်စေရပြန်သည်။ မြူ ထိုကလေး၏ နုနုယွယွပုံစံလေးအား မြတ်နိုးရပါသေးသည်။ ထိုကလေးနှင့်ပတ်သတ်ရင် မသိမသာပြုံးမိရသည်မှာလည်းအခါခါပင် အပြုံးတို့အား ဆူး မမြင်ခင် ပြန်ရုတ်သိမ်းရင်းတက်လက်စ နားကပ်ကလေးကိုပြန်တက်ကာ မြူ တစ်ယောက် ဘာမှမဖြစ်သလိုနှင့် အေးဆေးစွာဆိုလိုက်လေသည်။

အန်တီ [ Complete ]Where stories live. Discover now