~ ၅ ~

1.5K 202 4
                                    

"နင်တို့သွားနှင့်ကြ ငါလိုက်လာခဲ့မယ်"

ဖုန်းကို ဂျင်းဘောင်းဘီအိတ်ကပ်ထဲ ထည့်ပြီးနောက် ကားပေါ်တင်ဖို့ကျန်နေသည့် နောက်ဆုံး ဂျပ်ဖာပုံးကို ပစ်တင်လိုက်သည်။ ယူရမည့် ပစ္စည်းလည်း အကုန်စုံပြီ၊ ဦးမိုးကောင်းရဲ့ အထုပ်လည်း ယူပြီးပြီမို့ အိမ်ပြန်ရန်သာရှိတော့သည်။

ညနေ (၃)နာရီကျော်စပြုနေပြီမို့ မြို့က ငြိမ်သက်ဖို့ အားယူနေပြီ ဖြစ်သည်။ တစ်နေ့ကုန် လှုပ်ရှားသွားလာခဲ့ကြသည့် လူတွေဟာလည်း လမ်းမတွေပေါ်မှာ ယိုင်တိယိုင်ထိုး၊ သစ်ရွက်တွေပေါ်မှာလည်း မိုးစက်တွေနဲ့ ညနေခင်းရောင်ခြည်တွေက ရောထွေးယှက်တင်နေကြသည်။ ကတ္တရာ
လမ်းမပြင်ကတော့ မိုးရေကြောင့် မဲနက်တောက်ပနေဆဲ။

"ဟွာ... ဦးမိုးကောင်းရဲ့ ပါဆယ်ထုပ်ဗျ"

အိမ်တံခါးဝနားမှာ ရေပိုက်လုံးတွေ စီနေသည့် ယောက်ျားလေးတစ်ယောက်ကိုတွေ့လို့ သူ့ကိုသာ စကားလှမ်းပြောလိုက်သည်။ အထုပ်က အတော်လေးကြီးတာမို့လို့ လှမ်းပေးရင်းနဲ့တောင် လူက ယိုင်ချင်ချင်မို့ ထိုလူငယ်ကပဲ ကမန်းကတန်း လှမ်းကူမပေးလိုက်သေးသည်။

"ရတယ် ရတယ် ဒီနားမှာပဲ ထားခဲ့လိုက်ဗျ ကျွန်တော်ပဲ အထဲ သယ်သွားလိုက်မယ်"

သူကဒီလိုပြောတော့ ကိုယ်လည်း ဒီအတိုင်းပဲ ထားပေးခဲ့လိုက်သည်။ မျက်စိကတော့ အိမ်အနီးအနားတစ်ဝိုက်ကို လှည့်လည်ကြည့်လိုက်မိသေးသည်။ ဆရာမကတော့ ရှိသည့်ပုံမပေါ်။ သတိထားမိသ‌လောက်ကတော့ ယောက်ျားသားတွေ အများကြီးပဲ ဆိုသည့် အဖေစကားက လက်မခံနိုင်စရာ၊ အခုလောလောဆယ်တော့ ယောက်ျားဆိုလို့ ကိုယ့်ရှေ့က လူငယ်တစ်ယောက်သာတွေ့သည်။ အဖေ့ရဲ့ လိမ့်လုံးမှာ မယ်သူဇာတို့ ခံလိုက်ရပြီ ထင်၏။

"အစ်မ အစ်မ Delivery ခယူသွားဦးလေ"

ကားနားရောက်ခါနီးမှ လှမ်းအော်သံကြောင့် တန့်ခနဲ ရပ်တန့်သွားသည်။ ဘယ်နဲ့ ငါ့ကို အစ်မလဲ ခန့်မှန်းမိရသလောက်က သူနဲ့ငါ အသက်အဲ့လောက်ကွာပုံမရပါဘူး။

ဖျတ်ခနဲ ကြည့်မိလိုက်သည့် အသားခပ်ဖြူဖြူ၊ စွပ်ကျယ်ကို ပုဆိုးထဲ ထည့်ဝတ်ကာ အလုပ်လုပ်နေသည့် ထိုကောင်လေးကို ပြန်တွေးကြည့်မိရင်း စိတ်ထဲက နည်းနည်းတော့ ခိုးလိုခုလု ဖြစ်သွားသည်။

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Where stories live. Discover now