~ ၉ ~

1.5K 215 14
                                    

ညနေတပိုင်း အတန်းမတက်ချင်၍ ကျောင်းလစ်ခဲ့ကြပြီးနောက် အိမ်သို့စောစော ပြန်ရောက်ကာ (၃)ယောက်သား
မွေ့ရာထက်၌ နှပ်နေကြသည်။
တစ်ယောက်အိပ်မွေ့ရာပေါ်မှာ ဝတီနဲ့ လောရှည်က ကြပ်ကြပ်သပ်သပ် အိပ်ကာ Animeကြည့်နေကြပြီး
ဘေးနားနံရံကို မှီကာ ထောင်ထားသည့် ဒူးတစ်ဖက်ပေါ် လက်တင်ရင်း ကြည့်နေရသူကတော့ မွေ့ရာပိုင်ရှင်ကျွန်မ သူဇာကိုပင် ဖြစ်လေသည်။

သူတို့ကြည့်နေသည့် Animeမှာ ကိုယ်အခေါက်ခေါက်အခါခါ ကြည့်ဖူးပြီးဖြစ်သော K-On ဆိုသည့် Animeပင်။ ဂျပန်နိုင်ငံရှိ အလယ်တန်းကျောင်းသူ ဘဝကို အခြေခံပြီး ရိုက်ကူးထားသည့် ထိုanimeသည် ကိုယ်အကြိုက်ဆုံးသော seriesတွေထဲက တစ်ခုလည်း ဖြစ်ပါသည်။ အလယ်တန်းကျောင်းသူဘဝ Music Clubတစ်ခုရဲ့ အလွဲတွေ၊ ကြိုးစားမှုတွေကို ခံစားကြည့်ရှူနေကြသော မယ်မင်းကြီးမ နှစ်ယောက်ကတော့ အိပ်ရာထက်ဝယ် တခွီခွီ။

"နင့်ကာတွန်းကားက ရီရသားပဲ မဆိုးဘူး"

"ကာတွန်းကား မဟုတ်ဘူးလို့ Animeပါဆို"

တည်ခင်းဧည့်ခံထားသော မုန့်ထုပ်များ၊ သရက်သီးစိတ်များ နဲ့ ရှုပ်ကွနေသော ဝါယာကြိုးများကို သိမ်းဆည်းနေရင်း မကျေမနပ်ဖြင့် တုံ့ပြန့်လိုက်သည်။ ကာတွန်းကားလို့ ပြောရင် မကြိုက်တာ သိသိရက်နဲ့ တမင်စနေကြမှန်းလည်း သိပါသည်။

"Animeဆိုတာ ဂျပန်ကာတွန်းပဲလေဟ ဘာမှားလို့လဲ"

ခါးဆန့်ရင်း အညောင်းဖြေနေသည့် ဝတီအား သရက်သီးစိတ်တွေထည့်ထားသည့် သံပန်းကန်လုံးဖြင့် ခေါက်ကာ

"Anime ဆို animeလိုက် လျှာကိုရှည်တယ် ရော့ ဒီမုန့်အခွံတွေ နင်ပြန်ရင် တစ်ခါတည်း အမှိုက်တောင်းထဲ ထည့်ခဲ့ ညကြ ငါတော့ ပုရွတ်ဆိတ်ကိုက်တော့မှာပဲ အိပ်ရာထဲ
ပွပလဲနေအောင် စားထားကြတာ"

"အမလေး တစ်ခါဆိုတစ်ခါ မှတ်လောက်သားလောက်အောင် ခိုင်းတယ် ပြောတယ်တော့ မှတ်ထား နောက်ဘယ်တော့မှ နင့်အခန်းထဲ မုန့်မစားဘူး"

"ကောင်းတာပေါ့"

ဒီလိုပြောလည်း အချိန်တန်ရင် ဒီအခန်းကိုပဲ စခန်းချမှာကို သုံးယောက်လုံး သိထား သဘောပေါက်ကြပြီးသားပါပဲ။ ဒီအခန်းထဲ ခွေကြပြီးရင် နှစ်ယောက်သား ကျွတ်စီကျွတ်စီ ဖြစ်တာကို အလေ့တစ်ခုလို မြင်ဖူးနေသည့် လောရှည်ကတော့ ခေါင်းသာ ခါနေလေသည်။

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Where stories live. Discover now