~ ၁၃ ~

1.2K 210 4
                                    

အဲ့ဒီအဖြစ်အပျက်နောက်က စလို့ ဆရာမက စိတ်လိုလက်ရရှိတဲ့ အချိန်တိုင်း ငမူးမလေးလို့ နောက်နောက်ပြောင်ပြောင် ခေါ်လာတတ်ပါသည်။ ဟိုက ငမူးလေး လာဦးဆို လာရပါသည်။ ဟိုက ငမူးမလေးဆို တန့်ခနဲရပ်ရပါသည်။တစ်ခါလေးလုပ်မိသည့် ကိစ္စမှာ တစ်ခါတည်းနဲ့ အရှက်ကွဲရသည့် အဖြစ်ကတော့ သိပ်တော့မနိပ်လှပါ။

Welcome ပွဲပြီးသည်နှင့် နောက်ထပ်နွဲရမည့် ပွဲမှာ စာမေးပွဲ ဖြစ်‌သည်နှင့် အညီ မြန်မာပြည်ရှိ တက္ကသိုလ်ကျောင်းအများစုတို့၏ ထုံးစံအတိုင်း ဆရာ၊ ဆရာမများအား ကျူရှင်ချိန် လိုက်ညှိကြရပါတော့သည်။

"လိုက်ခဲ့ပေးစမ်းပါဟာ တီချယ်က နင်နဲ့ ခင်တာ အကုန်သိတယ် လုပ်စမ်းပါ ငါမသွားရဲလို့ပါ"

ဘေးနား ကကျီကကြောင်လာကျနေသည့် ဝတီကို စိတ်ပျက်လက်ပျက်ကြည့်လိုက်မိသည်။

"ခင်တာက ခင်တာတစ်ပိုင်းပဲလေဟာ ငါလည်း လိုက်မပြောပေးရဲဘူး ဆရာမပုံစံက ဒီလိုနေရာတွေမှာတော့ လျော့မယ့် ပုံမရှိပါဘူးဆို"

"အရင်ကြိုးစားကြည့်ပေးစမ်းပါဆို မလုပ်ကြည့်ဘဲ ဘယ်လိုလုပ်သိမှာလဲ"

"အာ့ဆို နင်လည်း နင့်ဘာသာ အရင်ကြိုးစားကြည့်လေ
ငနာမရဲ့"

ဆိုတော့လည်း ဝတီက လက်မောင်းကို လျှိုဝင်ထွေးပိုက်ကာ ပုခုံးကို လာမှီရင်း

"မဟုတ်သေးဘူးလေ နင်ကလည်း ငါပဲသွားပြောရင်ကြ
လက်မခံရုံဘဲ မဟုတ်ဘဲ ရှယ်ပလန်နဲ့ပါ အငေါက်ခံရနိုင်တယ်လေ နင်ပါရင်တော့ နင့်ကို ခင်တဲ့ မျက်နှာနဲ့ ငေါက်ခံရရင်တောင် နည်းနည်းပဲ ငေါက်ခံရနိုင်တာပေါ့"

"ငါတော့ မထင်ဘူးနော် ဆန်ရင်းနာနာဖွတ်ဆိုတဲ့စကား ကြားဖူးတယ်မလား ဆရာမပုံစံက အဲ့လိုထဲကနော်"

"ငါတော့ အဲ့လိုမထင်ပါဘူး လုပ်စမ်းပါ လိုက်ခဲ့ပေးစမ်းပါဆိုနော် မေဂျာစုံရဖို့က ဆရာမပဲကျန်တော့တာ"

ဘေးနားမှာ ပွတ်သီပွတ်သပ်ဖြင့် ခြင်တစ်ကောင်လို
မလျော့သော ဇွဲဖြင့် တကျီကျီ လုပ်နေသည့်မို့ ပြီးစေတော့ သဘောဖြင့် ခေါင်းညိတ်ပေးလိုက်ရတော့သည်။

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Where stories live. Discover now