~ ၁၂ ~

1.2K 200 8
                                    

ဘဝမှာ ဘီယာဆိုတာကြီးကို အဲ့နေ့မှာ ပထမဦးဆုံး စသောက်ဖြစ်ခဲ့သည်။ ထူးထူးခြားခြားနေ့တော့ မဟုတ်ပါဘူး ကျောင်းရဲ့ welcome ပွဲနေ့ပါပဲ။ ဆုပေးတန်တာ ပေးပြီး ဖျော်ဖြေပွဲ အစီအစဉ်တွေရောက်တဲ့အချိန်မှာ ငမဲတို့နဲ့လောရှည်တို့က နောက်ဆုံးနားမှာ ဝင်ကနေကြပြီ။ တစ်နှစ်မှာ တစ်ခါပဲ လုပ်တဲ့ပွဲမို့ ကျောင်းသား၊ ကျောင်းသူတွေ ပျော်စေတော့ ရှိစေတော့ရယ်လို့ တာဝန်ကျ ဆရာတွေကလည်း ခပ်လှမ်းလှမ်းမှာ ရပ်ကြည့်ရုံ၊ အခြေအနေမဟန်ရင်တော့
လှမ်းဟောက်ရုံမျှသာ။ တကယ့်တကယ်တမ်း ကျောင်းသားတွေ ရိုက်ကြ နှက်ကြ ရန်ဖြစ်ကြတော့လည်း ဆရာတွေပါ ပြေးရတာပါပဲ။ ပြီးမှ ပါချုပ်ရုံးခန်းမှ ရှင်းကြပေါ့။ သို့သော်လည်း ဒါမျိုးကလည်း ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးမို့ အရမ်းကြီးတော့ စိုးရိမ်နေစရာမလိုလှပါ။

"ဝတီကော"

Sound box နဲ့ အလွန်နီးတဲ့နေရာမှာ ပွဲကျနေသည့် မေငြိမ်း(ခ)လောရှည်ဟာ မကြား သူ့အာရုံနဲ့သူ ဘေးနားက ကောင်မလေး တစ်ယောက်ကို စကားပြောနေလေသည်။ ထို့ကြောင့် ‌ပြည့်ညှပ်နေသော လူတွေကြားထဲ တွန်းထိုးကာ သူ့အနားသို့သွားရသည်။

"တောက်! လူတွေကလည်း ရှေ့မှာ ခုံအလွတ်တွေ အများကြီးကို ဒီနားလာပြုံနေကြရတယ်လို့"

ခန်းမအနောက်ဘက်ထဲမှာ စုပြုံတိုးဝှေ့ကာ ကခုန်ပျော်ရွှင်နေကြသည့် လူတွေကို တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်သည်။ မေငြိမ်း(ခ)လောရှည်အနားရောက်တော့ လူပင်ချွေးပြိုက်နေပြီ။

"မေငြိမ်း"

ပုခုံးကို လှမ်းပုတ်ရင်း (၃)ခွန်းလောက်ခေါ်မှ ထိုသူငယ်မမှာ လှည့်ကြည့်သည်။ ဘေးနားက ငမဲတို့ကော တခြား အတန်းဖော်တွေပါ ကနေသည်ကို ခဏရပ်ပြီး အာရုံစိုက်လာကြသည်။

"ဝတီကော"

"ဟမ်"

သီချင်းအသံတွေကော လူတွေရဲ့ အော်ဟစ်အားပေး
နေသံတွေကောကြောင့် သေချာကြားပုံမပေါ်။ မရှည်သည့် စိတ်ကို သက်ပြင်းချ ဆွဲဆန့်ရင်း...

"ဝတီ ဝတီ ဝတီ ဘယ်မှာလဲလို့
ငါဖုန်းဆက်နေတာလည်း မကိုင်လို့ ပွဲစတုန်းက နင်နဲ့
ရှိနေတာမလား"

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Where stories live. Discover now