သီတင်းကျွတ် လပြည့်နေ့ ဖြစ်သည်။
ရပ်ကွက်တစ်ခုလုံးရဲ့ အိမ်တိုင်းမှာ မီးပလုံများ တန်းစီနေပြီ။
လမ်းမပေါ်မှာ ကျနေတဲ့ အလင်းကလည်း လျှပ်စစ်မီးထက် လရောင်နဲ့ ဖယောင်းတိုင်မီးက သာလွန်နေပြီ။ ဒီမီးရောင်တွေထက်မှာ လူတွေကတော့ ရှုပ်ထွေပွေလီစွာ ဝတ်ကောင်းစားလှများဖြင့် ဥပဒဟိုသွားလာလျက်။ တချို့က အဖိုးအဖွားဆီ၊ တချို့က မိဘဆီ ၊ တချို့က ဆရာ၊ဆရာမဆီ သေချာတာကတော့ ကိုယ်လေးစားချစ်ခင်ရသော ကြီးရင့်သူတွေထံ သွားရောက် ဂါရဝါပြုဖို့ နဲ့ ဘုရားသွားဖို့ အစီအစဉ်ကိုယ်စီတွေနဲ့ ကြီးပါပဲ။ ကိုယ်တိုင်လည်း ဘာထူးပါသနည်း မိဘနဲ့ အစ်မကို ကန်တော့ပြီးနောက် မုန့်ဖိုးတောင်းကာ ဆရာမအိမ်ဆီ သွားဖို့ လူစုရသည်။ ထို့နောက်
ဘုရားကြီးသို့ သွားကာ ဆီမီးထွန်းမည်။ မုန့်ဈေးတန်းလည်မည်။"(၉)နာရီ မကျော်စေနဲ့နော် ဗျောက်တွေကိုလည်း သတိထားဦး"
"အေးပါ မကြီးကလည်း"
ကြိုးထမိန်ပြင်ဝတ်နေတုန်း ဘေးနား ပွစိပွစိနဲ့ တဖွဖွလာမှာနေသော မကြီးကို မကြည်သည့်အကြည့်ဖြင့် တချက်မျက်မှောင်ကြုံကြည့်တော့ ဟိုက မျက်လုံးပြန်ပြူးပြသည်။
"အံ့မယ် ငါ့များ ရှုပ်ကိုရှုပ်တယ်ဆိုတဲ့ အကြည့်နဲ့ လာကြည့်နေသေးတယ်"
ပြောရင်းနဲ့ ထမိန်ကိုအဆင်ပြေအောင် ပြန်ပြင်ပေးနေသေးသည်။ ဘေးနားတည့်တည့်ကို မကျနိုင်ဖြစ်နေသည့် ထမိန်က မကြီးပြင်ပေးမှပဲ အဆင်ပြေလေတော့သည်။
"ကြိုးထမိန်တောင် အဆင်ပြေအောင် မဝတ်သေးဘဲနဲ့ အပျိုက လုပ်ချင်သေး"
"ဆိုင်ကယ်က နှစ်ယောက်တစ်စီးလား
ဟိုကောင်လေးကော ပါမှာမလား""ငမဲလား ပါတယ်လေ"
"အင်း ယောက်ျားလေးတော့ ပါဦးမှ ဖြစ်မှ ငါပြောပြီးသားနော် (၉)နာရီ မကျော်စေနဲ့"
"သိပါတယ်ဟာ ဒါကြီးပဲ တဖွဖွပြောနေတာပဲ"
"ပြောရတယ်ဟဲ့ နင်တို့ခေတ်က ငါတို့နဲ့တူတာမဟုတ်ဘူး
ပြောနိုင်ခါမှ တော်ကာကျတာ""သွား သွား ဟိုမှာ အမေတို့ မီးထွန်းနေပြီ သွားလိုက်တော့
ငါလည်း သွားပြီ"
YOU ARE READING
ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်
Romanceဆက်သွယ်ဖို့ မကြိုးစားတော့ပါဘူး ကိုယ့်စိတ်ခံစားမှုကြောင့်တော့ ဆရာမကို မတွေဝေစေချင်ဘူးလေ ဆရာမလည်း သိမှာပါ ကိုယ်က ချစ်ရင်အရှုံးပေးလိုက်ရော