~ ၁၄ ~

1.2K 202 6
                                    

စာမေးပွဲရက်တွေမှာ မိုးမကျ၍ ရှိသည်မရှိသည် မသိသော မိုးနတ်မင်းကို ကျေးဇူးတင်ရသေးသည်။ မဟုတ်ရင် အတော်လေး အလုပ်ရှုပ်လိမ့်မည်။ စာမေးပွဲနောက်ဆုံးနေ့မို့
ကျောင်းသား ကျောင်းသူ တော်တော်များများရဲ့ မျက်နှာမှာ ပျော်ရွှင်မြူးတူးသည့် အရိပ်အယောင်တွေက ဖုံးကွယ်မရ။
ကိုယ်တွေရောက်တော့ (၈)နာရီခွဲပြီးနေပြီ။ ကျောင်းဝရံတာမှာ ကျောင်း‌သားတော်တော်များများလည်း ရောက်နေလေပြီ။ တချို့ကတော့ စာအုပ်ကို ကိုင်ကာ စာမှတ်လျက်၊ တချို့ကတော့ ‌စာမေးပွဲပြီးရင် ဘယ်သွားကြမလဲ ဘာလုပ်ကြမလဲဆိုတာကို တိုင်ပင်နေသံတွေဖြင့် ဆူညံနေသည်။

ကိုယ်ကတော့ စာမေးပွဲခန်းထဲ ယူသွားမည့် ပစ္စည်းတွေကို တစ်ချက် စစ်ကြည့်ကာ နံရံကိုမှီရင်း စာမေးပွဲခန်းထဲ ဝင်ရမည့် အချိန်ကို စောင့်နေလိုက်သည်။ အခန်းထဲ ဝင်ရခါနီးမှ စာအသေအလဲပြန်မှတ်နေသည့် အကျင့်မျိုးက ကိုယ့်မှာ မရှိ ဒီအချိန် စာကို စဉ်းစားလိုက်လည်း တစ်လုံးမျှ မပေါ်တတ် စာမေးပွဲခန်းထဲရောက်ရင် အဆင်ပြေသွားလိမ့်မယ်လို့ ဖြေရင်းသာ စိတ်အေးအေးထားပြီး စောင့်ဆိုင်းတတ်သည်။ မမှတ်မိတော့လည်း ကျော်ခွထားခဲ့ရုံပေါ့ ဘာခက်တာမှတ်လို့။ ဘေးနားမှာတော့ မေငြိမ်းက CS စာအုပ်ကိုထုတ်ကာ စာမှတ်နေလေ့ရဲ့။

CS နဲ့ ပတ်သက်ရင်
major သမားတွေပြောကြတာ တစ်ခုရှိသည်။ ကျက်စရာမရှိတာက CS ဖြစ်ပြီး မကျက်လို့ဘဲ ကျသွားတာကလည်း CS ပဲဖြစ်သည်။ သူက Grammar ပိုင်းတွေနဲ့ 4 skills ပိုင်းဆိုတော့ မြန်မာ့ ပညာရေးစနစ်နဲ့က အံ့ဝင်ခွင်ကျမရှိ။ ကြည့်စရာကတော့ တခြားဘာသာရပ်တွေထက် အတော်လေးနည်းသည်။ ထို့ကြောင့် စာအုပ်လှန်လိုက်ရင် ဘာကြည့်ရမည်မသိ၊ မကြည့်တော့လည်း စာမေးပွဲမှာ မေးလာသမျှကို ဘာက စဖြေရမည်မသိနဲ့ တိုင်ပတ်ကာ ထိုဘာသာမှာ ဝက်ဝက်ကွဲ ကျတတ်ကြသည်။ အကယ်၍ နိုင်ငံတကာ ဘာသာရပ်သင် ကျောင်းတွေကဲ့သို့ Viva ထိုင်ရမည်၊ listening ဖြေရမည် ဆိုရင်တော့ အတော်လေး စာလုပ်ရပေလိမ့်မည်။ အခုတော့လည်း grammar တပိုင်းနဲ့ reading ပိုင်းအနည်းငယ်လောက်ကိုသာ အဓိကထားပြီး
၊ listening ပိုင်းကိုလည်း ကျက်၊ speaking ပိုင်းကိုလည်း ကျက်ဆိုတော့ အကုန် သောက်တလွဲတွေ ဖြစ်ကာ ကျကုန်တော့သည်။

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Donde viven las historias. Descúbrelo ahora