~ ၇ ~

1.5K 210 11
                                    

ကျောင်းပိတ်ရက်ဖြစ်သည်နှင့်အညီ အိပ်ရာထချိန်က ပုံမှန်ထက် အနည်းငယ်နောက်ကျသည်။ မှိုင်းညို့ညို့ကောင်းကင် အခြေအနေကြောင့် မနက်ခင်း အလင်းက အခန်းထဲသို့ အပြည့်အဝတော့ ရောက်မလာဘူး။ လင်းတစ်ဝက်မှိန်တစ်ဝက် အခန်းထဲ လူးလွင့်နေတုန်းမှာပဲ
အမေ့အော်သံကြောင့် ငုတ်တုတ်ထထိုင်လိုက်သည်။

"နှိုးရင်ထတော့ မနေ့ညက လေပါ ပါထားတော့ ခြံက
သစ်ရွက်တွေနဲ့ ပွထနေတာ နင့်အဖေတစ်ယောက်တည်း နိုင်မှာ မဟုတ်ဘူး ကူလိုက်ဦး"

"ဒယ် ဝါကာရီမတ်စ်"

တတ်သလောက်မှတ်သလောက် ကိုးရီးယားနဲ့ ဂျပန်စကားကို လေးလေးပင်ပင်နဲ့ ပြန်အော်လိုက်မှသာ အခန်းရှေ့မှ ပြန်လှည့်သွားသည့် အမေ့ခြေသံကို ကြားရသည်။ အမေဟာ အဖေကိုအတော်ညှာတာသည့် မိန်းမမျိုးပါ။ အဖေကိုအတော်လည်း ချစ်သည်။ အဖေက ကျန်းမာရေးသိပ်
မကောင်းတတ်။ အထူးသဖြင့် အအေးခံလို့မရပါ။ အလွယ်ကလေး ဖျားတတ်နာတတ်သည်။ ထို့ကြောင့် နွေရာသီမှ လွဲ၍ အမေသည် အဖေကို ကလေးတစ်ယောက်လို ဂရုတစိုက်ရှိတတ်သည်။ ဝတ်ထားသည့် အင်္ကျီကပါးလို့၊ ညနေစောင်း ရေမချိုးဖို့၊ ခြေအေးတောထဲမသွားဖို့
စသဖြင့် တပျစ်ပျစ်တောက်တောက်မှာတတ်‌
ပြောတတ်သည်။

အခုလည်းကြည့်ဦးလေ .... သူ့ခင်ပွန်း အအေးတောထဲ ကြာကြာအလုပ်လုပ်နေရရင် ဖျားမှာစိုးလို့ မြှားဦးက ကိုယ့်ဆီလှည့်လေပြီ။ ဒါကိုပဲ အမေက အဖေကို အတော်ချစ်တာပဲနော် လို့ စရင် နင့်အဖေဖျားရင် ငါက နှစ်ဆပိုပင်ပန်းရလို့ဟဲ့လို့ မျက်နှာနီထွေးထွေးဖြင့် ငြင်းပြန်ဦးမည်။

အဖေကလည်း အမေကိုချစ်တာပါပဲ။

သိသိသာသာ သတိထားမိခဲ့တာကတော့ (၉)တန်းနှစ်မှာ
အမေအစာအိမ် အူအတက်ပေါက်ပြီး ဆေးရုံတက်ရတော့ အဖေဟာ အမေ့အဝတ်အစားမှန်သမျှ သူကိုယ်တိုင်လျှော်ဖွပ်ပေးသည်။
အလေး၊ အပေါ့ ကိစ္စမှန်သမျှ သူပဲလုပ်ပေးသည်။ ကလေးတွေ မလုပ်စေရ။ ညစောင့်အိပ်တော့လည်း အဖေပဲဖြစ်ပြန်သည်။ ယောက်ျားတို့ရဲ့ အကျင့်စရိုက်အတိုင်း များသောအားဖြင့် ဘာသိဘာသာနေခဲ့ပေမယ့် အရေးကြုံတော့ မေမေ့အပေါ်ထားသည့် ဖေဖေ့ရဲ့ ချစ်ခြင်းမေတ္တာကို ဘွားခနဲ ပေါ်လာမြင်လာခဲ့ရဖူးတဲ့ အခိုက်အတန့်လေးတွေပေါ့။ ‌မမကြီးကတော့ အဲ့တာ သံဃောဇဉ်နဲ့ ချည်ထားတဲ့ ငယ်ချစ်ဆိုတာပဲလို့ ပြောပြဖူးသည်။

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Where stories live. Discover now