~ ၁၈ ~

2.8K 196 39
                                    

ဒုတိယနှစ်ရဲ့ သာမာန်ကျောင်းတက်ရက်ကလေး
တစ်ရက်ပါပဲ။ ကျောင်းတွင်း ဘောလုံးပြိုင်ပွဲ ကျင်းပဖို့
ဌာနတွေမှာ လှုပ်လှုပ်စိစိဖြစ်နေကြတာက လွဲလို့ပေါ့။ သိကြသည့်အတိုင်း ဘောလုံးပြိုင်ပွဲဆိုတာက ကမ္ဘာတစ်ဝန်းလုံးမှာ လူ့စိတ်ဝင်စားဆုံး အားကစားဖြစ်သည့် အလျှောက် ကျောင်းတွင်း ဘောလုံးပြိုင်ပွဲမှာလည်း ကျောင်းသား၊ ကျောင်းသူတွေအပေါ် အရှိန်အဝါကြီးမားသည်။ ဘောလုံးကြည့်ရတာကို ဝါသနာမပါသည့်တိုင်အောင် ကိုယ့်မေဂျာကိုတော့ ချန်ပီယံဖြစ်စေချင်ကြသည့် စိတ်အဟုန်လေးတော့ ကိုယ်စီရှိကြသည်မဟုတ်လား။ အခုလည်း မေဂျာအတွင်းမှာ အုန်းအုန်းထနေသည့် သတင်းကလည်း ဘောလုံးပြိုင်ပွဲ အကြောင်းသာ။ ဘယ်မေဂျာက ဘယ်နှခုနစ်မှာ ချန်ပီယံဖြစ်ခဲ့ဖူးကြောင်း၊ ဘယ်နှစ်ကြိမ် ဖြစ်ခဲ့ဖူးကြောင်း၊ ဘယ်မေဂျာနဲ့ တွေ့ရင်တော့ မလွယ်လောက်ကြောင်းတွေသာ လှိုင်းထအောင် ပြောဆိုနေကြသည်။

"နင် တကယ်ကြီးပါမှာလား ကွင်းက ဖူဆယ်နဲ့ မတူဘူးနော် အရမ်းမောတာ ဖြစ်ပါ့မလားဟာ"

ငမဲက မိန်းကလေး ဘောလုံးအသင်းရဲ့ လူစာရင်းကို ချမှတ်နေရင်း စိုးရိမ်တကြီးမေးရှာသည်။ ဟုတ်ပါသည်။ သူဇာကိုဆိုသည့် ကျွန်မ ဘောလုံးကန်ဖို့ စာရင်းပေးနေခြင်းပင်။

"ကြည့်လည်း လုပ်ဦးနော် ဂျစ်တူး ကွင်းလယ်မှာ အမောဖောက်လို့ ငါးတန်းတုန်းကလို ထမ်းစဉ်နဲ့ ကူသယ်နေရဦးမယ် အန်တီတို့ကရော ခွင့်ပြုလို့လား"

ငယ်ကျိုးငယ်နာကို လူစုံတုန်း လာဖော်ထုတ်နေသည့် လောရှည်အား မျက်စောင်းပိတ်ထိုးပေးလိုက်သည်။

"ဖြစ်တယ် အဲ့တုန်းကတောင် ဖြစ်သေးတာ
ခုလည်း ဖြစ်မှာ အိမ်လည်း ပြောပြီးပြီး စမ်းကြည့်ပေါ့တဲ့"

"ကိုက ငါးတန်းတုန်းက ဘာဖြစ်လို့လဲဟင်"

ဂျူဒီက သိလိုစိတ်ဖြင့် လှမ်းမေးတော့ လောရှည်က ရှင်းပြမည့်ဟန်ပြင်စဉ် ကိုယ်ကပဲ လက်ကာပြကာ နောက်မှငါပြောလိုက်မယ်ဆိုပြီး တားလိုက်သည်။

"ငါတကယ် မထည့်ရဲဘူးနော် ဂျစ်တူး
နင့်အစ်မကြီးက နင်ဘောလုံးကန်တာကို ကြိုက်တာမဟုတ်ဘူး ငယ်ငယ်ကတောင် နင်ခိုးကန်တာ မိရင် ရှယ်တီးတာကို အခုက ခွင့်ပြုတယ်ဆိုတာ မယုံချင်သလိုဘဲ"

You've reached the end of published parts.

⏰ Last updated: Nov 16, 2022 ⏰

Add this story to your Library to get notified about new parts!

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Where stories live. Discover now