~၃~

3K 290 28
                                    

ဆရာမ၏ facebook Account ကို ရှာတွေ့ခဲ့သည်မှာ
၂ပတ်ကျော်မျှပင်ရှိပြီသည် သို့သော်လည်း
friend request မပို့ဖြစ် ပို့လို့လည်းမရ ဆရာမသည် friend request ကို ပိတ်ထားသည်
ဆရာမရဲ့ wall ထဲတင်ထားသည်မှာ
ဇာတိမြို့ပါသည် Facebookကို စတင်သုံးထားသည့်
ခုနှစ်ပါသည် ဒီလောက်ပင်

"ငါ ၈တန်းအရွယ်လောက်ကတည်းစ ဆရာမက Facebookကို သုံးနေပြီပဲ"

ထို့အတူ ဆရာမ၏ postတွေမှာလည်း fri only သာတင်ထားပုံရသည် တချို့ဆရာမများ tagတွဲတင်ထား
သည့် ပိုစ့်များမှလွဲ၍ ဘာမျှမရှိ

"မဟုတ်သေးပါဘူး ငါက ဘာကိစ္စနဲ့ ဘာမှမရှိတဲ့ ဒီ account ကြီးထဲ အလုပ်ကြီး တစ်ခုလို ညတိုင်း ဝင်
ဝင်ကြည့်နေရတာလဲဟဲ့"

ကြောင်တောင်တောင်နိုင်လွန်းလှသည့်
ကိုယ့်အဖြစ်ကိုယ် ရယ်မိသည် ဘယ်လိုလုပ် ဒီဆရာမကို ဒီလောက်စပ်စုချင်မိမှန်းမသိ လောရှည်တို့သာ သိရင်တော့ တစ်လလောက်ထိရယ်တာ အတောသတ်နိုင်မည်မထင်

"တော်ပြီကွာ အိပ်တာပဲ ကောင်းပါတယ်"

နေ့လည်ထမင်းစားနားချိန် ဖြစ်၏
ကိုယ်တို့ အခန်းတွင် အိမ်မှ ထမင်းချိုင့် ထုတ်လာသူမှာ
အလွန်နည်းပါးလှပါသည် အများစုက ကန်တင်းမှာပင်
စားကြသည် ကို့သူငယ်ချင်းတွေသည် တခြား
နေရာတွေမှာ ကိုယ့်အကြိုက် သူ့အကြိုက် မတူညီကွဲပြားလှပေမယ့် ဒီတစ်ခုတော့ ညီရှာသည်

ဆိုင်ဟင်း ဆိုင်ထမင်းကို မကြိုက်တတ်လှဘဲ အိမ်ဟင်း
အိမ်ထမင်းကိုသာ ငတ်မွတ်ကြသည် နောက်တစ်ချက်ကား စားဖို့သောက်ဖို့ အရေးလေးကို နာရီဝက် တစ်နာရီနီးပါး
စောင့်ဆိုင်းရမည်ကိုလည်း စိတ်မရှည်ကြခြင်း ဖြစ်သည်
ထွန်းအောင်ကတော့ ပြောသည် ကန်တင်းမထိုင်လျှင်
တက္ကသိုလ်ဘဝ၌ ကို့တို့ ၃ယောက်အား ရည်းစားရမည်
မဟုတ်ဟု နှိပ်ကွက်တတ်သည်

"သူဇာကို နင့်ကို ပြန် add ထားတယ်နော် လက်ခံဦး"

နေ့လည်ချိန်ဆို အရိပ်ပင်မမြင်လိုက်ရဘဲ ကန်တင်းသို့ လှစ်ခနဲပြေးသည့် ထွန်းအောင်ကို တွေ့တော့ အနည်းငယ် အံ့သြမိသည် သူကတော့ ခန့်တည်တည်ဖြင့် ဟင်းခွက်တွေ နှိုက်စားနေသည်

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Where stories live. Discover now