~ ၁၇ ~

1K 200 34
                                    

သီတင်းကျွတ် ၊ တန်ဆောင်တိုင်နောက်ပိုင်းမှာ ရာသီဥတုရဲ့ အအေးဓာတ်က သိသိသာသာ မြင့်တက်လာသည်။ ကျောင်းမဖွင့်သေးသည်က တစ်ကြောင်း၊ အိမ်ကလည်း
ခွင့်ပြုသည်က တစ်ကြောင်းမို့ ဒီရက်ပိုင်းအတွင်း ပန်းချီသင်တန်းတက်ဖြစ်နေခဲ့သည်။ သူများတကာ ဘာသာစကားသင်တန်း၊ ကွန်ပြူတာ စသဖြင့် အနာဂတ်အတွက် အထောက်အပံ့တွေယူနေချိန်မှာ ပန်းချီသင်တန်းတက်ဖြစ်နေတာက အနည်းငယ်တော့ ငေါင်တောင်တောင်နဲ့ ကြောင်စီစီနိုင်လှပါသည်။ ဆရာမကို ပြောတုန်းကပင် မျက်မှောင်ကြုံကာ အလိုမကျဟန်တစ်ချက် လွင်သွားသေး၏။ ပြီးမှသာ စိတ်ဝင်စားတဲ့အရာဆိုတော့ ကောင်းတော့ ကောင်းပါတယ်လေဟု မှတ်ချက်ချသည်။ ဒါတောင်
တခြားဟာလေးကော တွဲလုပ်ပါလားလို့ မချင့်မရဲပြောသေး၏။

ထိုစကားကြောင့် ကိုယ့်မှာ မနက်စောစောစီးစီး အင်္ဂလိပ်စာ သင်တန်းကျောင်းသို့ သွားရလာရပြန်သည်။
ဆရာမသည် ကိုယ့်နှလုံးသား နုငယ်စဉ်ကပင်၊ ကိုယ့်
ချစ်ခြင်းမေတ္တာတွေ အပြည့်အဝ မပွင့်လန်းခင်ကပင် အတော်ကြီးစိုးမိုးနေပြီ ဖြစ်ကြောင်းကို ကိုယ်တိုင်မသိမီခဲ့။

ထုံးစံအတိုင်းပင် သင်တန်းပြီးချိန် ဝတီနဲ့အတူ မွှေးသို့ ရောက်လာခဲ့ကြသည်။ ဝတီဇင်နဲ့က ချိန်းဆို၍ လာခြင်းမဟုတ် ကိုယ်က သင်တန်းမယ်ဆိုတော့ ပန်းချီတော့ မတက်ချင် အင်္ဂလိပ်စာတော့ လိုရမယ်ရ တက်မယ်ဆိုပြီး အတူတူတက်ဖြစ်ခဲ့ကြခြင်းသာ။ ငမဲ နဲ့ လောရှည်ကတော့ မတက်ဖြစ်ကြ။ ငမဲကတော့ ယောက်ျားလေးပီပီ ပျင်းကြောထခြင်းဖြစ်ပြီး လောရှည်ကတော့ အိမ်ကိစ္စနဲ့ သူ့ စာသင်ချိန်တွေကြောင့် လက်လျော့ထားလိုက်ခြင်းဖြစ်လေသည်။

မွှေးသို့ရောက်ချိန်မှာ ထုံးစံအတိုင်း မောင်မင်းကြီးသားကတော့ ရောက်လို့ ဖြတ်သွားဖြတ်လာ ကောင်မလေးများကို ကောင်းကောင်းကြီး ခံစားနေလေပြီ။

"မနက်စာ အဆာပြေက အတော် ပြီးပြည့်စုံနေတယ်ပေါ့"

"နင်တို့ ရောက်မလာခင်အထိက ပြီးပြည့်စုံနေပြီးသား
အခုမှ စကျက်သရေတုံးတော့တာ"

ဝတီက ငမဲပုခုံးကို ဗြန်းခနဲတစ်ချက်ရိုက်ချပြီး ခုံဆွဲယူထိုင်လိုက်သည်။ ကိုယ်လည်း ငမဲရှေ့က ခွေးခြေခုံကို ယူကာ ထိုင်လိုက်သည်။

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Where stories live. Discover now