~ ၁၀ ~

2K 212 16
                                    

မုတ်သုံလေမပြတ်သေးသည့် မိုး‌နှောင်းကာလသည်
ကျောင်းအသွား မနက်ပိုင်းကို ကောင်းကောင်းကြီး နှောက်ယှက်ခဲ့လေပြီ ဖြစ်သည်။ စိုစိနေသည့် မိုးကာကို စိတ်ပျက်လက်ပျက် ဆွဲချွတ်ပြီး မိုးထဲရေထဲ ပစ်မထားရစ်သည့်
ဂျစ်တူးလေး ပေါ် လွှားပြီးတင်ထားခဲ့လိုက်သည်။ ထို့နောက် ခေါက်ထီးဆောင်းပြီး အဆောင်ဆီ ခပ်သွက်သွက်ကူးကြသည်။‌လောရှည်ကတော့ ထီးမဆောင်း မိုးကာကိုပင် တောက်လျှောက်ဝတ်လာပြီး အခန်းရှေ့ရောက်မှ ချွတ်လှမ်းလိမ့်မည်။

မိုးသည်းချက်က ထီးရွက်ကို သဲတွေ တဖွဲဖွဲလာကျနေသလိုပင် ခံစားရစေသည်။ တခြားမေဂျာဆောင်တွေကို
ကျော်လွန်ခဲ့ကြပြီး
စာသင်ဆောင် ဝင်ပေါက်ကို ရောက်ခါကြမှပင်

"လှယ်မယ့် ထမီ‌တွေက ဆိုင်ကယ် tool boxထဲ ကျန်နေ
ခဲ့ပြီ"

ကိုယ့်စကားကြောင့် လောရှည်သည် စိတ်ပျက်လက်ပျက် မျက်လုံးများဖြင့် ကြည့်လာသည်။

"သွားယူသွား ငါ ဒီနားက စောင့်နေပေးမယ်"

"နင် ဒီမှာနေခဲ့ရင် ဆိုင်ကယ်boxဖွင့်နေတုန်း ငါ့ကို ဘယ်သူက ထီးမိုးပေးမှာလဲ ဟိန္ဒူဘုရားတွေလို လက်တွေ အများကြီး ပါနေတယ်ထင်နေတာလား"

"လည်းပင်မှာ ညှပ်ထားလိုက်ပြီး ဖွင့်ပေါ့ ငါလည်း ဒီမှာ ထမင်းချိုင့်တွေနဲ့ပဲကို"

လောရှည်သည် လက်တစ်ဖက်စီမှာ ဆွဲယူလာခဲ့သော ထမင်းချိုင့်တွေကို မြှောက်ပြသည်။ အသနားခံသော အကြည့်‌ဖြင့် ကြည့်လိုက်သော်လည်း

"မလိုက်ဘူးနော် ကိုယ့်ဘာသာသာ သွား
ငါ အအေးတောထဲ ခဏခဏသွားလို့မရသေးဘူး
မိန်းကလေးကိစ္စ ဖြစ်နေတာ မြန်မြန်သွားယူစမ်းပါဟာ
ထမီကလည်း အကုန်စိုထားတာဟ"

"ခုချိန် ငါတစ်ခုခုဖြစ်ရင် နင့်ကြောင့်ပဲနော်"

မိန်းကလေးဆိုတော့လည်း မိန်းကလေးကိစ္စဖြစ်သည့်အခါ ခံစားရလေ့ရှိသည့် ဝေဒနာဒုက္ခကို နားလည်သည်။ ထိုကြောင့် လောရှည်ကို ဘာမှစောဒက ထပ်တက်ဖို့ မလုပ်လိုတော့၍ ဒီကနေ့ထပ်ရမည့် assignment စာအိတ်ကို လောရှည်ဆီ ဆောင့်အောင့်ထိုးပေးထားခဲ့ပြီး မိုးသည်းနေသည့် အဆောင်လမ်းကြားသို့ ပြန်ထွက်ခဲ့ရပြန်သည်။
မထွက်ခင်တော့

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Where stories live. Discover now