~ ၆ ~

1.6K 202 5
                                    

မိုးရွာသည့်အရှိန်သည် အနည်းငယ်လျော့ကျသွားပြီ။ မှာထား၊ ဝယ်ထားသည့် အစားအသောက်တွေလည်း ကုန်လုနီးပါးဖြစ်နေပြီ။ ကိုယ်ကတော့ တို့ကနန် ဆိတ်ကနန်သာ စားဖြစ်သည်။ ကြိုက်လှပါ၏ ဆိုသည့် ပြောင်းဖူးထောင်းတောင် သိပ်မစားမိ။

"YG က Girl group အသစ်ထွက်လာမယ် ပြောနေကြတယ်"

"2ne1 လိုပဲ လေးယောက်လို့ ပြောတာပဲ"

"YG ကဆိုရင်တော့ မိမိုက်နေမှာပါပဲ 2ne1ရဲ့ Junior
တွေဆိုတော့ အထာကတော့ ကျနေမှာ အသေအချာပဲ"

စားဖွယ်အမျိုးမျိုးကသာ ကုန်လုနီးပါး ဖြစ်နေသော်လည်း
ဆရာမ၏ သူငယ်ချင်းများနဲ့ အဖွဲ့ကျသွားသော ဝတီဇင်တို့ကတော့ K-Drama အကြောင်း၊ K-pop အကြောင်းကတော့ ပြောလို့ကုန်မည့်ပုံမပေါ်။ ဆရာမ အပါအဝင် ဆရာမ၏ သူငယ်ချင်းများကလည်း ဒီအကြောင်းတွေကို
ဝတီဇင်တို့နဲ့ တန်းတူနည်းပါး ပြောနိုင်ဆိုနိုင်သည်ကိုတော့ တကယ် အံ့ဩမိရသည်။ များသောအားဖြင့် သူတို့၏ အသက်အရွယ်ပိုင်းတွေက ဒါမျိုးတွေကို စိတ်မဝင်စားကြတာ များသည်မဟုတ်လား။

ရှည်ရှည်ဝေးဝေးနှိုင်းယှဉ်နေစရာမလို အိမ်က အစ်မပင် 2ne1ဆိုတာကို ကြားဖူးသည်၊ သီချင်း တစ်ပုဒ်နှစ်ပုဒ်မျှ နားထောင်ဖူးသည် ဆိုရုံပင်။အစ်မနဲ့ အရွယ်ချင်း မကွာဟလှသော်လည်း 2ne1 က မြန်မာပြည်လာတုန်းမှာ ပွဲပင်သွားကြည့်ဖူးသည်ဆိုသော ဆရာမတို့၏ ခေတ်အခြေအနေအပေါ် မျက်ခြေမပြတ်တာကတော့ အထင်အရှားပင်။

"အဲ့တုန်းက ဆရာမက ရန်ကုန်မှာ အစိုးရသင်တန်းတစ်ခုသွားတက်ရတာလေ ပထမဆုံးတာဝန်ကျတဲ့ ကျိုင်းတုံတက္ကသိုလ်ကနေ လွှတ်တာ"

"သူငယ်ချင်းတွေလည်း ရန်ကုန်မှာစုံနေတုန်း သူတို့ကလည်း ကြည့်ချင်တယ်ဆိုတာနဲ့ သွားဖြစ်ကြရုံပါပဲ အထွေအထူးတော့ မဟုတ်ပါဘူး"

"အားကျစရာကြီး အဲ့တုန်းက သမီးတို့က (၈)တန်းလား (၇)တန်းလားမသိဘူး အဲ့လောက်ရှိသေးတယ်"

"ကလေးပုစိလေးတွေပေါ့"

"အဲ့လောက်တော့ မငယ်တော့ဘူး ထင်တယ်နော့် (၉)တန်း မဟုတ်ရင် (၁၀)တန်း ဖြစ်မယ် ဝတီနဲ့ စခင်တာ အဆောင်မှာလေ"

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Where stories live. Discover now