Part (1)

6.6K 144 2
                                    

မူဂျီအယ်လ်

🌸pann

Part (1)

" နိုနို.. "

ဆရာမ ခိုင်းတဲ့စာရွက်စာတမ်းတွေ လုပ်ပေးနေချိန် ခေါ်သံကြောင့် လှည့်မကြည့်ဘဲထူးလိုက်ရသေးသည်.. ။

" ဟွန်.. "

" ခုထိ မပြီးသေးဘူးလားဟာ.. ငါတစ်ယောက်ထဲ ထိုင်စောင့်နေရတာပျင်းလှပြီ "

ချိုရိုရဲ့ညီးသံလေးကို ချစ်စနိုးအပြုံးလေးနဲ့ပြုံးမိပြန်သည်.. ။

" မြန်မြန်ပြီးသွားအောင် လုပ်ကူဆိုတော့ ထိုင်နေပြီးတော့.. "

" ဆရာမခိုင်းသွားတာကိုက နိုနိုဆိုတဲ့ရှင့်ကိုပါနော်.. ချိုရိုတို့မပါ "

" ဒါဆိုလည်း ခဏလေးတော့ ပါးစပ်လေးပိတ်ပြီးစောင့်.. ဘေးနားမှာ တဂျီဂျီ မလုပ်နဲ့ "

" ဟွန့်.. စောင့်ကူနေတဲ့ငါ့ကို ကျေးဇူးမတင်တဲ့ပြင် နားညီးလှချည်ရဲ့ဖြစ်နေပြီပေါ့ "

ချိုရိုတို့ကပ်သပ်ပြောလာပြီမို့ ရေးလက်စစာကိုရပ် ဘော့ပင်ချလိုက်ကာ ချိုရိုနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်သည်.. ။

" ကဲ ချိုရို .. မြန်မြန်ပြီးစေချင်ရင် ဒီမှာအသာလေးထိုင်ပြီးငါ့ကိုစောင့် ပြီးရင် မုန့်လိုက်ဝယ်ကျွေးမယ် "

" မုန့်နဲ့မျှားတာပေါ့လေ.. "

" ဘာလဲ မကြိုက်ဘူးလား.. "

" မကြိုက်စရာလား.. လုပ်လုပ် ပြီးတော့မှာလား"

မုန့်ဆိုတာနဲ့ တက်ကြွသွားတဲ့ ချိုရိုကိုကြည့်ပြီး ပြုံးမိသည်.. ။

" ဒီတစ်မျက်နှာပဲလိုတော့တယ် ခဏစောင့်.. "

" ဪ အေအေး.. မြန်မြန်ရေး "

ရေးရင်းနဲ့ခေါင်းလေးညိတ်ပြရသည်.. ။

နိုနိုက စာအတော်ဆုံးမဟုတ်ပေမယ့် စာတော်တဲ့အဖွဲ့ထဲတော့ပါပါတယ်လေ.. ဆရာမတွေနဲ့လည်း နည်းနည်းပါးပါးရင်းနှီးတာမို့ ဆရာဆရာမအလုပ်တွေ တစ်ခါတစ်ရံကူလုပ်ပေးရသည်.. ။

ကူလုပ်ပေးရတဲ့အချိန်တိုင်း တစ်ယောက်ထဲသောသူငယ်ချင်းမလေးချိုရိုကို အဖော်ခေါ်ထားတတ်စမြဲပဲ.. ။

မူဂျီအယ်လ် (Unicode)Where stories live. Discover now