Part (36) Final...

4.6K 127 2
                                    

မူဂျီအယ်လ်

🌸pann

Final.....

နိုနို မျက်လုံးလေးဖွင့်တော့ ကိုကို့ရင်ဘတ်ပြင်ကြီးကို အရင်တွေ့ရသည်.. ။

ကိုကို့လက်မောင်းတွေကြားထဲမှာ ကိုယ်လေးမြုပ်နေတဲ့နိုနို..

မျက်လုံးလေး ကလယ်ကလယ် ကြည့်ရင်း ညကအဖြစ်ပျက်လေး ပြန်တွေးမိကာ တစ်ခါပြန်ရှက်ရပြန်သည်..။

နိုနို လက်လေးနဲ့ ကိုကို့မျက်နှာရှေ့ ဝေ့ရမ်းကြည့်လိုက်သည်.. ။

" .............. "

ကိုကို့မျက်လုံးအိမ် ငြိမ်နေတော့ မနိုးသေးဘူးထင်တယ်.. ။

နိုနို စိတ်ချသွားကာ ကိုယ်လေးကျုံ့ပြီးကိုကို့လက်တွေကိုဖယ်မြှောက်ရသည်.. ။

ကိုကို မနိုးခင် နိုနိုရှောင်ထွက်မှ..

မဟုတ်ရင်ကိုကိုတို့စတာနဲ့ နိုနိုနေတတ်မှာမဟုတ်ဘူး.. ။

ကိုယ်လေးလွတ်တာနဲ့ အရထတော့..

" အေမ့.. "

ခါးကနေ အနောက်လှန်ဆွဲချခံရပြန်ပြီ.. ။

နိုနိုလန့်ပြီး မျက်လုံးတွေပါမှိတ်မိတော့..

" အဟွင်း.. "

ခနဲ့တဲ့တဲ့ ရယ်သံနွေးနွေးလေးက ပါးပြင်မှာလာရိုက်နေတော့မှ.. နိုနို မရဲတရဲလေး မျက်လုံးဖွင့်ကြည့်ရသည် ။

" ကိုကိုက ဘာမှန်းလည်းမသိဘူး.. လူကို အမြဲလန့်အောင်လုပ်တယ် အဲ့လိုမပြောမဆိုလူကိုခဏခဏဆွဲ အရိုးအဆစ်တွေလည်း လွဲကုန်အုံးမယ် "

" အဟွင်း.. မလွဲအောင် သေချာဆွဲပါတယ်ကွာ "

ခုထိ မျက်နှာက စပ်ဖြီးဖြီးနဲ့ လူကို ငုံ့ကြည့်နေတာ..။

ကိုကို့အကြည့် ရွှန်းရွှန်းအောက်မှာ မနေတတ်တော့..

" ဖယ်.. နိုနို ထတော့မယ် "

" ဘာလို့ ထမှာလဲ.. "

" မိုးလင်းနေပြီ.. သိရဲ့လား "

" သူ့သူမိုးလင်းတာပဲ လင်းလင်းပေါ့.. လင်းတိုင်း ထရမယ်လို့ မင်းကိုဘယ်သူကလာပုံသေမှတ်ခိုင်းထားလို့လဲ "

မူဂျီအယ်လ် (Unicode)Where stories live. Discover now