Part (3)

1.5K 94 0
                                    

မူဂျီအယ်လ်

🌸pann

Part (3)

နိုနိုတို့စာမေးပွဲဖြေရက်တွေက တဖြေးဖြေးနီးလာပြီ.. ။

အချိန်တွေနီးလာတာနဲ့အမျှ စာပြီးရင်းစာသာအချိန်ပေးကြည့်နေရသည် ။

မရသေးတဲ့အပိုင်းတွေဖိလုပ် ။

မကျေသေးတဲ့စာတွေ ဖိကျက်နဲ့.. ။

ညဉ့်နက်တဲ့ထိစာကျက်ရ.. အိပ်ကလည်းငိုက် ကော်ဖီနဲ့လက်ဖက်သုတ်လည်း စားရသောက်ရတာအမော ။

အချဉ်တွေလည်းစားရ.. ။

ဒီလောက်စားနေရတဲ့ကြားထဲလည်း ငိုက်သေးတာကရှိသေးတယ် ။

ငိုက်နေမိတိုင်း ကားနီရဲ့ကားသံပြင်းပြင်းကြောင့် လန့်လန့်ရတာလည်းအခေါက်ပေါင်းမနည်း..။

လုံးဝမရတော့ ဝရံတာဘက်ထွက်ပြီးခုန်ပေါက်စာကျက်ရပြန်တယ်.. ။

ထူးဆန်းတာက ကျက်လေမေ့နေလေလားမပြောတတ်ဘူး.. ။

" ဒီလိုပဲ ဖြစ်တတ်ပါတယ် နိုနိုရဲ့.. မမတို့တုန်းကလည်း အဲ့လိုပဲ စာမေးပွဲနီးတဲ့ချိန်ကျက်လိုက်ရတာ ခဏနေပြန်ဆိုကြည့်ထစ်တာနဲ့မေ့ရတာနဲ့ အာ့နဲ့ရှေ့ဆက်မတက်နိုင်ဘူး.. ကျက်ပြီးလို့ကိုယ်ရပြီထင်တာနဲ့ revision ပြန်မနေနဲ့ နောက်အသစ်ထပ်တက်.. "

" စာမေးပွဲကျ ဘယ်လိုလုပ်မလဲ.. "

" အဲ့အတွက် စိတ်ပူမနေနဲ့.. စာမေးပွဲကျ သူ့အလိုလိုမှတ်ရလာတယ် ကျက်သာကျက်"

ဂိုက်ဆရာမ မမကတော့ အားပေးသား.. ။

ဒီလိုချိန် ကြိုက်သလောက်ကျက် မေ့တယ်တဲ့.. ရှေ့ဆက်မတက်ဘဲမနေနဲ့တဲ့ ။

ဒီတော့ကိုယ်ကျက်လို့ရလောက်ပြီထင်တဲ့ အနေထား ရောက်ရင် revision မပြန်ဘဲ ရှေ့သာဆက်တက်ရသည်.. ။

" နိုနိုရေ ဖုန်းလာနေတယ်.. "

" ဟုတ်ကဲ့ အမေ.. "

ကျက်လက်စ စာအုပ်ကိုချပြီး ဖုန်းဆီပြေးရသည်..။

" အေး ချိုရို ပြောေ.. "

" ဟင့် ဟင့်.. နိုနိုရေ "

ဟော.. စစချင်း ငိုသံကြီးနဲ့ ။

မူဂျီအယ်လ် (Unicode)Where stories live. Discover now