Part (33)

2.3K 79 0
                                    

မူဂျီအယ်လ်

🌸pann

Part (33)

ဒီနေ့ မအိတုံက ခွင့်ရက်ယူထားတယ်.. ။

ဒီတော့ နိုနိုကပဲအိမ်အလုပ်တွေလုပ်နေရသည်..။

မဝင်တာကြာတဲ့ မီးဖိုချောင်ကိုလည်းနိုနိုပဲပြန်ဝင်လို့.. ။

တစ်ယောက်ထဲ အလုပ်တွေရှုပ်နေချိန်..

I'm no beautiful queen I'm just beautiful me na na na na na na na na na na...

" ဪ.. ဘယ်သူပါလိမ့် "

နိုနို လက်ကိုရေခါရင်း ဖုန်းနားပြေးရသည်.. ။

" ကိုကိုပဲ.. "

နိုနို ပြုံးလိုက်ရင်း ဖုန်းကိုင်ကာ..

" ကိုကို.. "

" အားလား "

" အခုလား "

" အွန်.. "

" နိုနို က အားပါတယ် .. ဘာဖြစ်လို့လဲ "

" ကိုယ့်ဆီ လာမလား.. "

" ဟင်.. နိုနိုလား "

" မင်းကိုမခေါ်လို့ ဘယ်သူ့ကိုကြားတဆင့်ခံခေါ်ခိုင်းရမှာလဲ.. "

" အဲ့လိုလည်း မဟုတ်ဘူးလေ.. "

" ဘယ်လိုလဲ.. လာမှာလား "

" လာမှာပေါ့ ကိုကိုကလည်း.. ငြင်းစရာလား ဘယ်ကိုလာရမှာလဲ "

ကိုကို ပြောတဲ့လိပ်စာကို နိုနို သေချာမှတ်ယူထားလိုက်သည်.. ။

" ဟုတ်ပြီ ဟုတ်ပြီ.. နိုနို ထွက်လာခဲ့မယ် "

" ကိုယ်စောင့်နေမယ် "

" ဟုတ် ဟုတ်.. "

နိုနို လုပ်လက်စတွေ အကုန်ရပ်ခဲ့ကာ အပေါ်မှာအပြေးလေးသွားပြင်ဆင်ရသည်.. ။

ရေလေးလည်းချိုးသွားချင်သေးပေမယ့် အချိန်ကအဲ့လောက်မရတော့ မချိုးရတော့..

ကိုကိုက ပထမဦးဆုံးသူ့အလုပ်ဆီခေါ်တာမို့ စိတ်လှုပ်ရှားပြီးပျော်နေတာတော့အမှန်..။

မျက်နှာလေးကို သေချာပြင်ဆင်ပြီးပေမယ့် ဘာဝတ်ရမှန်းမသိတော့ ရွေးနေရတာနဲ့တင်အချိန်တွေကြာပြန်ရော.. ။

" ဂါဝန်လေး ဝတ်သွားရမလား.. "

ဂါဝန်ကြိုက်တတ်သူမို့ ဘယ်အရွယ်ရောက်ရောက် ဂါဝန်ပုံစံလေးတွေလည်းဝယ်ဖြစ်တယ်..။

မူဂျီအယ်လ် (Unicode)Where stories live. Discover now