Part (17)

1.2K 73 0
                                    

မူဂျီအယ်လ်

🌸pann

Part (17)

နိုနိုတို့လည်း ပထမနှစ်ဝက် စာမေးပွဲဖြေပြီးပြီ..။

ဂွန်းကလည်း အိမ်ပြန်ရောက်နေပြီ.. ။

ထုံးစံအတိုင်း သုံးယောက်သား နိုနို့အိမ်မှာ စုလို့..

" ဟွန့်.. အရပ်တွေလည်း မပြောင်းဘူးဗျာ ပုတုတုလေးတွေချည်း နှစ်ယောက်လုံး "

မုန့်ဝိုင်းစားနေရင်း ဂွန်းက စပြီးဖောက်လာပြီ..။

သူကတော့ ပြောအားရှိတာပေါ့.. သူ့အရပ်ကနည်းနည်းထပ်ထွက်လာတာကိုး ။

နိုနိုတို့မှာသာ ဒိတ်လွန်နေတာ..

" အံမယ်.. ငါတို့က international myanmar height နော် နင်သာ over height ဖြစ်နေတာသိလား "

ချိုရိုကတော့ မခံနိုင်လို့ ပြန်ပြီးချေပနေပြီ.. ။

" ဟာ.. ဟာ YUFL မှာ အင်္ဂလိပ် သင်နေတာမသိမှာစိုးလို့ လူကိုဇွတ်မှုတ်နေရလားဗျ ဖြေးဖြေးလေးလည်းလုပ်ပါအုံး ချိုရို့လေကြောင့်ကျွန်တော် လွှင့်ထွက်သွားပါအုံးမယ် "

" များများလွင့်လေကောင်းလေပဲ.. ဖူး ဖူး "

" ဟာ ချိုရို တံတွေးစင်တယ်နော် "

" အပိုမလုပ်နဲ့.. ငါ့တံတွေးတွေ မပါသေးဘူး "

" တကယ်ပြောနေတာ "

" လျှောက်ပြောနေ.. ခုမှ တကယ်လုပ်မှာ ဖူး ဖူး.. "

" ခိခိ .... "

နိုနိုကတော့ သူတို့ကြားမှာ အရယ်အပိုင်းတာဝန်ယူလျက်.. ။

" ဟာ.. ကျွတ် နိုနို လုပ်ပါအုံး "

" နိုနိုက ဘာလုပ်ရမှာလဲ.. "

နိုနိုကလည်း ပြုံးရယ်ရင်း ပြန်မေးနေတာ.. ။

ဘာကိုဆိုလိုချင်မှန်း သိသားပဲ.. ချိုရို့ကိုလွှတ်ထားပေးလိုက်တာ ။

မကူနိုင်ပါဘူး.. လူကိုပုသလေးဘာလေးနဲ့ ။

" ချိုရိုကို ဆွဲတားထားပါအုံးဆိုဗျာ.. ညစ်ပတ်လိုက်တာ "

" ငါ ညစ်ပတ်အောင် နင်လုပ်တာလေ.. "

" အွင်းပါ.. လုပ်ထားအုံးပေါ့ တွေ့မယ် "

မူဂျီအယ်လ် (Unicode)Where stories live. Discover now