Part (18)

1.4K 80 0
                                    

မူဂျီအယ်လ်

🌸pann

Part (18)

" ဒါ မြန်မာပြည်မှာ ပထမဆုံးရင်းနှီးမြု ပ်နှံတာ မဟုတ်ဘူး.. မစ္စတာ ကရောင်းရဲ့တတိယအကြိမ်ရင်းနှီးမြုပ်နှံတာ အရင်ကနှစ်ကြိမ်တုန်းကတော့ သိပ်အဆင်မပြေဘူး.. အဖွဲ့ဖွဲ့စည်းပုံတွေမကြိုက်ဘူး အုပ်ချုပ်တဲ့ပုံအဆင်မပြေဘူး အာ့ကြောင့်ထွက်လိုက်တာ ဒီတစ်ခေါက်တော့ ဦးလေးတို့က အဆင်ပြေအောင် လုပ်ပေးဖို့ပြောနေတာပါ.. "

" သေချာပေါက် စိတ်တိုင်းကြိုက်စေရမယ်လို့.. ပြီးတော့ ဦးလေးတို့ကုမ္ပဏီကလည်း နာမည်တစ်လုံးနဲ့ရပ်တည်နေတာ စိတ်မပျက်စေရပါဘူး "

" ဟုတ်ကဲ့.. "

နိုနိုကပဲ ကြားကူးပေါင်းတံတားလေးအဖြစ်နဲ့ အဆင်ပြေအောင်လုပ်ပေးနေတာ.. ။

" ............ "

ဗိုရမ် ကိုယ့်မျက်လုံးရှေ့ အနီရောင်အစလေးက တောင်ရွှေ့ မြောက်ရွှေ့နဲ့.. ။

ဟိုလူနဲ့စကားပြောလိုက် ဒီလူနဲ့တွေ့လိုက် ပြုံးပြလိုက်နဲ့.. ။

သူတစ်ယောက်ထဲတင် တော်တော်ပွဲကျနေတာ.. ။

ဘယ်တော့ ခုံမှာထိုင်မလဲ စောင့်နေတာ.. သူကတော့ထိုင်တောင်မထိုင်အားနိုင် ။

သူဋ္ဌေးဆိုတဲ့လူနောက်လိုက်ပြီး စကားဖောင်ဖွဲ့နေတာ.. ။

ပွဲတောင် ပြီးခါနီးနေပြီ.. ။

" ဟျောင့်တွေ ပြန်ကြတာပေါ့.. ငါ့အဖေလည်း သဘောကျလောက်ပြီ "

" အေး .. ငါလည်း ငေါင်နေတာပျင်းလှပြီ ပြန်မယ် "

" ............ "

ကျွန်တော်လည်း သူတို့နှစ်ယောက်နဲ့အတူ ထရပ်လိုက်သည်.. ။

" နေအုံး.. ငါ မပြန်ခင် သွားနှုတ်ဆက်လိုက်အုံးမယ် "

" အေး.. "

သုံးယောက်သား ဒီပွဲရဲ့အကြီးဆုံးပုဂ္ဂိုလ်နားသွားလိုက်သည်.. ။

" အန်ကယ်လ်.. "

" ဪ သား.. "

ဒီဘဲကြီးက မဆိုးဘူး.. ။

တစ်ခါထဲနှုတ်ဆက်ဖူးရုံနဲ့လူကိုမှတ်မိသားပဲ.. ။

မျက်နှာလည်းချိုတယ်.. ။

မူဂျီအယ်လ် (Unicode)Where stories live. Discover now