Part (8)

1.1K 78 2
                                    

မူဂျီအယ်လ်

🌸pann

Part (8)

" နိုနို နိုနို့.. "

" ဪ သား ဂွန်းပါလား.. "

နိုနို့အမေ အန်တီနှင်းအိက ခြံထဲအရင်ထွက်လာသည်.. ။

" ဟုတ်ကဲ့ဗျ.. နိုနိုရှိတယ်မလား အန်တီနှင်းအိ "

" ရှိပါ့.. လာ အထဲဝင် "

အန်တီက တံခါးဖွင့်ပေးပြီး အထဲကိုခေါ်နေပြီ..။

" အန်တီနှင်းအိ နိုနို့ကိုအပြင်ခဏခေါ်သွားလို့ ရလားဗျ.. "

နိုနို့ကို မပြောခင် အန်တီနှင်းအိကိုအရင် ခွင့်တောင်းရသေးသည်.. ။

" ဘယ်သွားကြမလို့လဲ.. "

" ကျွန်တော် အဆောက်မပြန်ခင်လေး နိုနိုနဲ့ချိုရိုကို ခေါ်ပြီးမုန့်လိုက်ကျွေးချင်လို့ဗျ.. "

" ဟင် သားက အဆောင်သွားရတော့မှာလား.."

" ဟုတ်ကဲ့ဗျ.. နောက်သုံးလေးရက်ဆို ပြန်သွားရတော့မယ် "

" အေးလေ သိပ်တောင်မလိုတော့ဘူးပဲ.. နိုနိုကို ခေါ်သွားလို့ရပါတယ် မုန့်ဖိုးရောပါရဲ့လား "

" အမေ့နားတောင်းလာပါတယ်ဗျ.. "

" ဂွန်း အသံကြားလို့ ဆင်းလာတာ "

နိုနိုက လှေကားထစ်တွေကို ပြေးဆင်းလာရင်း ပြောနေတာ.. ။

" ဟုတ်တယ် နိုနိုရေ.. ဒီမှာ ဂွန်းက နိုနိုနဲ့အတူ အပြင်သွားဖို့လာခေါ်တာတဲ့ "

" ဟင်.. ဘယ်သွားမလို့လဲ "

" မုန့်တွေပတ်စားမယ်လေ.. "

" ဒီနားလောက်လေးပဲလား "

" မဟုတ်ဘူး.. အမေက နိုနိုတို့စားချင်တာလိုက်ကျွေးလိုက်တဲ့ ဆိုင်တွေမှာ လိုက်ကျွေးလို့ပြောတယ် "

" ဟဟ.. ပွတာပဲ အမေ နိုနိုလိုက်သွားမယ်နော်"

" အွန်းပါ.. ဒီပုံစံအတိုင်း လိုက်သွားမှာလား "

နိုနိုက အိမ်နေရင်းအဝတ်လေးပဲ ဝတ်ထားတာကို.. ဒီပုံစံနဲ့ လိုက်စရာလား ။

" မလိုက်ပါဘူး.. ဂွန်း ငါ့ကိုခဏစောင့်အုံး ငါအင်္ကျီသွားလဲလိုက်အုံးမယ် "

မူဂျီအယ်လ် (Unicode)Where stories live. Discover now