Part (20)

1.5K 69 0
                                    

မူဂျီအယ်လ်

🌸pann

Part (20)

နိုနိုနဲ့ကိုကိုရဲ့ မင်္ဂလာပွဲနေ့... ။

" .............. "

နိုနို ပြင်ဆင်ခြယ်သပြီးနေပါပြီ.. ။

ပွဲအခမ်းနားလည်းမစသေးတာမို့ နိုနို့အခန်းထဲမှာပဲရှိနေသေးတာ.. ။

နိုနို မလှုပ်မယှက် နဲ့ ကိုယ်လုံးပေါ်မှန်ချပ်ကြီးရှေ့မှာ မတ်တပ်ရပ်နေခဲ့တာ.. ။

အဖြူ ရောင်ဂါဝန်ရှည်ဝတ်ပြီး အဖြူ ရောင်ဇာပါးလွှာခေါင်းမှာပန်.. အဖြူ ရောင်ပန်းစည်းလေးကိုကိုင်ထားတဲ့ နိုနို.. ။

ဒီလိုအပြင်ဆင်တွေနဲ့ နိုနိုကအလှဆုံးပြုံးနေရမယ့် သတို့သမီးလေးဖြစ်သင့်ပေမယ့် နိုနိုမပြုံးနိုင်.. ။

နားထဲမျက်လုံးထဲစွဲနေတဲ့ အရာလေးတစ်ခု..

စေ့စပ်ပွဲနေ့က.. ။

အောင်မြင်စွာစေ့စပ်ကြောင်းလမ်းခြင်းတွေပြီးလို့ လက်ထပ်မယ့်ရက်ကိုလည်း ရွေးပြီးတဲ့ထိ အရာအားလုံးအဆင်ပြေပြေနဲ့ ပျော်ပျော်ရွှင်ရွှင်ပါပဲ.. ။

" နိုနိုရေ သမီး.. သားကြီးဗိုရမ်နဲ့ ထမင်းအတူစားတော့လေ သူ့သူငယ်ချင်းတွေလည်းတစ်ခါထဲ နိုနိုပဲဧည့်ခံလိုက်နော်.. ဟိုမှာလူကြီးတွေက ဧည့်သည်တွေမပြတ်သေးလို့ "

" ဟုတ်ကဲ့ အန်တီ.. "

နိုနို့မှာ ကိုကို့ကိုလိုက်ရှာတာ တစ်အိမ်လုံးနှံ့နေပြီ.. ကိုကို့ကိုရှာမတွေ့ ။

" ဂွန်း.. ကိုကို့ကို တွေ့မိသေးလား "

" မတွေ့လိုက်မိဘူးပဲ.. ရှာကြည့်လေ "

" ငါရှာတာ မတွေ့လို့.. "

" အာ့ဆို အိမ်ဘက်များ ကူးသွားတာလားမသိဘူး.. သွားကြည့်လိုက်ပါလား "

" ဪ အေအေး.. "

နိုနို ဟိုဘက်အိမ်ကူးတော့ ခြံထဲမှာ ကိုကို့သူငယ်ချင်းတွေ နဲ့အတူထိုင်နေတာ.. ။

သုံးယောက်သား ခြံထဲချထားတဲ့စားပွဲဝိုင်းမှာ ကျောပေးထိုင်နေလို့..

" ပြောတော့ မကြိုက်ဘူးသလေး ဘာလေးနဲ့..ခုတော့ အဲ့ကောင်မလေး ကို ယူလိုက်တာပဲ"

မူဂျီအယ်လ် (Unicode)Where stories live. Discover now