Part (9)

1.1K 74 0
                                    

မူဂျီအယ်လ်

🌸pann

Part (9)

" တောက် ဘမ်း.. "

ဦးသာထက် အိမ်ထဲရောက်တာနဲ့ တောက်တစ်ခေါက်ခေါက်.. ။

ဧည့်ခန်းက စားပွဲပေါ် သူ့ပိုက်ဆံအိတ် လွှတ်ပစ်တင်လိုက်တာလည်း ခပ်ကြမ်းကြမ်း.. ။

ဒေါ်ကေဇင်တော့ သက်ပြင်းသာခိုးချနေရသည်..။

" တောက်.. မင်းသားကြီး လုပ်ပုံကောင်းလား"

စပြီ.. မင်းသားကြီးနဲ့ ။

" ကိုယ့်ညီအရင်းခေါက်ခေါက် အဆောင်သွားတာတောင် လိုက်ပို့ရမှန်းမသိ.. နှုတ်ဆက်ရကောင်းမှန်းလည်း မသိ ဒါလားအကိုရင်းဒါလားအကြီးစိတ်ဓာတ်.. ရှိတာမှညီအစ်ကိုနှစ်ယောက်လေးထဲရှိတာ တည့်တည့်ရှုရှုနဲ့နွေးနွေးထွေးထွေးမရှိဘူး.. သူစိမ်းတွေကမှ သာသေး "

ပြောရင်းပြောရင်းနဲ့ ဒေါသက လိမ့်ထွက်လာပြီ..။

ခုလေးတင် သားငယ်ကို အဆောင်လိုက်ပို့ပြီး ပြန်လာကြတာ.. ။

သားငယ် အဆောင်မပြန်ခင် ဘေးအိမ်ကကောင်မလေး နိုနိုနဲ့သူ့သူငယ်ချင်းကမှ နှုတ်ဆက်ဖော်ရသေးတယ်.. ။

အိမ်ကလူ့ငနွားကတော့ သူ့ညီတောင်မနှုတ်ဆက်နိုင်ဘူး.. ။

ဘယ်သဝေထိုးပြီးသွားလည်ပတ်နေလဲမသိဘူး.. တော်တော် အလုပ်ကြီးအကိုင်ကြီး ။

" မင်းသားကြီး လုပ်ပုံနည်းနည်းလေးမှ မဟုတ်သေးဘူး.. ကိုယ့်ညီပဲကြင်ကြင်နာနာခေါ်မယ်မရှိဘူး ခေါ်လိုက်တိုင်း ဟိတ်ကောင် ဒီကောင်နဲ့ ကိုယ့်ညီအပေါ်နည်းနည်းလေးမှ သံယောဇဉ်မရှိတဲ့အကောင် "

သူကသာ ပြောလို့.. ။

မိန်းမဖြစ်သူ က တရားရေးအေးတိုက်ကျွေးနေတယ် မှတ်နေလားမသိ.. ။

ဒီက သူနဲ့မဆိုင်တဲ့အကြောင်း ပြောနေသလိုပဲ ။

" မင်းကို ပြောနေတာ ကြားရောကြားရဲ့လား ကေဇင်.. "

" ကြားပါတယ်.. ရှင်ကသာ ပြောနေတာ ရှင်ရောဘာထူးလဲ "

" ဟ.. ငါက ဘာလုပ်နေလို့လဲ "

" သားကြီးဆိုရင် ဘယ်တုန်းက အဆင်ပြေပြေဆက်ဆံတာ ရှိလို့လဲ.. ခေါ်လိုက်ရင်လည်း ဟိုကောင်ဒီကောင်နဲ့ "

မူဂျီအယ်လ် (Unicode)Where stories live. Discover now