Part (15)

1.2K 77 0
                                    

မူဂျီအယ်လ်

🌸pann

Part (15)

နိုနို မအိပ်ခင်လေး ချိုရိုဆီဖုန်းဆက်လိုက်သည်..။

" အေး နိုနို ပြော.. "

" ငါ နင်နဲ့တူတူ ကျောင်းတက်မယ် "

" ဟေး ဟားဟား.. တကယ်လား တကယ်တက်မှာလား "

" အေးပါဆို.. တကယ် "

" နောက်မှ တစ်မျိုးမပြောကြေးနော်.. "

" မပြောင်းဘူး စိတ်ချ.. "

" ဟားဟား.. သိနေတယ်လေ နိုနို နောက်ဆုံးကျရင် ငါနဲ့ပဲတူတူကျောင်းတက်မယ်ဆိုတာ "

" ဟွင့်.. လူကို အပိုင်တွက်ထားတယ်ပေါ့လေ "

" မဟုတ်ပါဘူး.. စိတ်ထဲကအလိုလိုသိနေတာ အာ့ဆိုငါနဲ့ပဲအတူတူတက်မှာနော် ငါအဲ့လိုပဲ မှတ်ထားတော့မှာ "

" အတူတူတက်ပါမယ်ဆိုမှ ခဏခဏပြန်လာမေးနေတယ်.. ငါပြန်ပြောင်းပြောရမလား "

" အမလေး မလုပ်ပါနဲ့နော်.. ငါ့မှာခုမှ အတူတူတက်မယ်ဆိုလို့ ပျော်ရုံပဲရှိသေးတယ် နိုနိုနော်မရဘူး "

" ခိခိ အေးပါ.. ငါနင်နဲ့ပဲတူတူတက်မှာ ဒါပဲနော် နောက်ရက်မှတွေ့မယ် "

" အိုကေ အိုကေ .. ဒါပဲ "

နိုနို ဖုန်းချပြီး ကုတင်ပေါ်လှဲအိပ်လိုက်သည်..။

လှဲအိပ်နေပေမယ့်လည်း အိပ်လို့မပျော်..

ကိုယ့်ကိုယ်ကိုယ် အိပ်ဖို့ကြိုးစားလည်း အိပ်မရ..။

" ရွှတ်.. "

မျက်ရည်စတွေက ထွက်လာပြန်ပြီ.. ။

အလိုလိုနေရင်း နဲ့ကို ငိုပဲချင်နေတယ်.. ။

မျက်ရည်ပဲ ကျနေတယ်.. ။

အချိန်တွေသာရွေ့လာတယ်.. ညဉ့်သာနက်လာတယ် နိုနိုအိပ်မပျော်နိုင်သေး ။

" တီ.... ပွမ် ပွမ် "

ကားဟွန်းသံကြားတော့  လူကငေါက်ခနဲ ကုတင်ပေါ်ကနေ ထမယ်လုပ်လိုက်မိသေးတာ.. ။

ခြေထောက်လေး ကြမ်းပြင်ပေါ်ချမိတော့မှ..

နိုနို ပြန်ထိန်းရသည်.. ။

မူဂျီအယ်လ် (Unicode)Where stories live. Discover now