Part (28)

1.9K 71 0
                                    

မူဂျီအယ်လ်

🌸pann

Part (28)

ဗိုရမ် နိုးတော့ မနက် ခွန်နာရီထိုးနေပြီ..။

ရင်ခွင်ထဲက တောက်တဲ့လေးကတော့ ကပ်နေတုန်း..

" ......... "

ကျွန်တော် နိုနို့ကိုယ်လေးကို ဖက်ထားရင်းကနေ သူ့နဖူးလေးကိုစမ်းရသည်..

" အပူရှိန်လေးတော့ ရှိတုန်း.. "

ကျွန်တော်ခုမှ နိုနိုမျက်နှာလေးကို သေချာစိုက်ကြည့်မိသည်.. ။

မျက်နှာလေးတောင် နည်းနည်း ကျသွားသလိုပဲ..။

အရင်ကလို သွက်လက်လန်းဆန်းနေတဲ့ သွင်ပြင်လေးတောင်ပျောက်လို့.. ။

" ခွေးမလေး.. ကျန်းမာရေး ဂရုမစိုက်ဘူး "

နိုနို့နဖူးလေးကို အသာဖွဖွတောက်ပြီး တီးတိုးလေးငေါက်ရသည်.. ။

ကျယ်ကျယ်လည်းမပြောရဲ.. အိပ်ပျော်နေတာ ကိုနိုးသွားမှာစိုးလို့ ။

ဒီလိုလေးဆက်နေလို့ကလည်း မဖြစ်သေး..

ဗိုရမ် နိုနို့ကိုယ်လေးကို အသာလေးဖယ်မပြီး လက်ထုတ်ကာအိပ်ယာထလိုက်ရသည်.. ။

" အမလေး.. လက်တောင် အကြောသေကုန်ပြီလား မပြောတတ်ဘူး "

ဗိုရမ် လက်ကိုသွေးလည်ပတ်မှုကောင်းအောင် လှုပ်ရှားရင်း ရေချိုးခန်းထဲဝင်သွားလိုက်သည်..။

" ဖြန်း ဖြန်း.. "

လူက ညီးစိစိလေးဖြစ်နေတော့ ရေလေးနဲ့မျက်နှာကိုရိုက်ချ.. ဂုတ်ကိုရိုက်ချလုပ်နေတာ ။

အချိန်လည်းရှိနေသေးတာမို့ ရေပါတစ်ခါထဲချိုးဖို့လုပ်ရသည်.. ။

ရေချိုးခေါင်းလျှော်ပြီးမှပဲ လူကနည်းနည်းလန်းတော့တယ်.. ။

ခေါင်းကို တဘက်နဲ့သုတ်ရင်း ရေချိုးခန်းထဲက ထွက်တော့ နိုနိုကို ကြည့်လိုက်ရသေးတယ်..

သူကတော့အိပ်တုန်း..။

အဝတ်ပဲအမြန်ဝတ်ပြီး အောက်ထပ်ကိုဆင်းသွားလိုက်သည်.. ။

မအိတုံကတော့ မနက်စာအတွက်တောင် ပြင်ဆင်ပေးပြီးနေပြီ.. ။

" မအိတုံ.. အစောကြီးနိုးလို့ပါလား "

မူဂျီအယ်လ် (Unicode)Where stories live. Discover now