Part (14)

1.1K 73 0
                                    

မူဂျီအယ်လ်

🌸pann

Part (14)

နိုနို လမ်းထိပ်ထောင့်နားလေးမှာ အစောကြီးကတည်းကရပ်နေခဲ့တာ.. ။

အိမ်ကိုတော့ ချိုရို့အိမ်သွားမယ်လို့ပြောထားခဲ့တယ်.. ။

တကယ်တော့ နိုနိုအမေတို့ကိုလိမ်ခဲ့တာပါ.. ။

ကိုကိုနဲ့တွေ့ချင်လို့ နိုနိုခုလိုအစောကြီးဒီလမ်းမှာလာစောင့်နေခဲ့တာ.. ။

ကိုကိုနဲ့ဒီနေ့တွေ့ဖို့ကြံထားတာမို့ တွေ့မှကိုဖြစ်မှာ..

နိုနိုကိုကိုအိမ်ကမထွက်သေးခင် ဒီမှာကြိုစောင့်နေတာ.. မဟုတ်ရင်ကိုကိုနဲ့တွေ့ရမှာမဟုတ်ဘူး ။

သိတဲ့အတိုင်း ကိုကိုနဲ့တွေ့ဖို့က တော်တော်ခက်တယ်.. ။

" .............. "

နိုနို လက်လေးနောက်ပစ်ထားရင်း ရှေ့ကိုတစ်လှမ်းတိုးပြီး ကိုကို့ကားလာပြီလား မျှော်ကြည့်လိုက်.. ။

မလာသေးတော့ နေရာမှာပဲပြန်ရပ်ပြီး ခြေထောက်အောက်က ခဲ(ဂဲ)သေးသေးလေးကို ကစားနေလိုက် လုပ်နေမိသည်.. ။

ခေါင်းလေးငုံ့မိနေတဲ့ချိန် ကိုကို့ကားမောင်းလာနေတာကို တန်းသတိမထားမိဘူး.. ။

အနားကပ်လောက်မယ့်အချိန်မှ ခေါင်းလေးမော့အကြည့်..

" ကိုကို့... "

ဘယ်လိုအားနဲ့ နိုနို ကားရှေ့ထွက်ရပ်မိလိုက်တယ် မသိ.. ။

ရပ်မိပြီးကာမှ ကားတိုက်မိရင် ဆိုတဲ့အတွေးဝင်တော့တယ်.. ။

" ကျွီ... "

ရုတ်တရက်ကြီး မောင်းနေတဲ့ကားရှေ့လူတစ်ယောက် တည့်တည့်လာရပ်တော့ဗိုရမ်အမြန်ဘရိတ်နင်းချရသည်.. ။

ဘရိတ် သာ ငါမနင်းနိုင်ရင် ဆိုတဲ့အတွေးနဲ့ လူကချွေးစီးပျံပြီး ထိတ်လန့်နေရတာ.. ။

အနားကပ်နေတာရယ် ကိုယ်ကလည်းအရှိန်ပါပါနဲ့မောင်းလာတာရယ်ကြောင့် ကားအရှိန်ကတန်းမလျော့ကျသွား.. ။

ကျေးဇူးပြု ပြီး.....

နိုနိုလည်း ရပ်မိပြီးကာမှ ဂါဝန်စလေးကိုလက်သည်းထိပ်တွေနဲ့ ဆုပ်ကိုင်ထားရင်းခေါင်းလွှဲမျက်လုံးမှိတ်ထားမိသည်.. ။

မူဂျီအယ်လ် (Unicode)Where stories live. Discover now