Part (23)

1.4K 68 0
                                    

မူဂျီအယ်လ်

🌸pann

Part (23)

ခုဆို နိုနိုနဲ့ကိုကို အတူနေတာ တစ်လရှိပြီ.. ။

ဒီတစ်လအတွင်းမှာ နိုနိုနဲ့ကိုကို သိပ်မတွေ့ဖြစ်ကြ.. မတွေ့ဆို နှစ်ယောက်လုံး ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်နေတာ ။

နိုနိုကလည်း ဒီရက်ပိုင်းတွင်း အလုပ်ပိနေတာ..။

ကိုကိုကလည်း တဖြေးဖြေး အလုပ်တွေများလာတာ.. ။

လျှောက်ရမယ့်ရှိုးပွဲမရှိလည်း မဂ္ဂဇင်းအတွက် ပိုစတာအတွက် နဲ့အမျိုးမျိုးဓာတ်ပုံတွေရိုက်ဖြစ်နေတာ.. ။

ဘယ်ပွဲ ဘယ်ဒင်နာဆိုလည်း ကိုကို့မှာလိုက်ရပြန်ရော.. အဲ့ချိန်တိုင်းအိမ်ပြန်ချိန် နောက်ကျတတ်တယ် ။

ဒီနေ့လည်းကိုကိုနောက်ကျပြန်ပြီ.. ။

တိုက်ခန်းထဲမှာ တစ်ယောက်ထဲနေရတာကြောက်ပေမယ့်လည်း နိုနိုဘာပြောနိုင်မှာလဲ.. ။

ကြောက်လည်း နေရတာပဲ.. ။

ကိုကို နောက်ကျတဲ့နေ့ဆို နိုနိုမှာ ခုံမှာ ဒူးလေးပိုက်ထိုင်ပြီး စောင့်နေမြဲပဲ..

" ဒေါက်.. ဒေါက် "

" အမလေး "

ပတ်ဝန်းကျင် အတော်တိတ်ဆိတ်နေချိန် ကြားလိုက်ရတဲ့တံခါးခေါက်သံတောင် နိုနိုလန့်မိသေးတယ်.. ။

တံခါးခေါက်သံကြားရလည်း နိုနိုချက်ချင်းတန်းသွားမဖွင့်ရဲ.. ။

" ဒေါက် ဒေါက် နိုနို.. "

" လာပြီ.. "

ကိုကို့အသံထပ်ကြားရမှ နိုနို တံခါးသွားဖွင့်ပေးလိုက်သည်.. ။

" ကိုကို.. "

" .......... "

ကိုကိုက အခန်းထဲမဝင်ခင် နိုနို့ကိုမျက်မှောင်ကျုံ့ကြည့်သေးတာ.. ။

" ဒီနေ့ အရင်နေ့ကထပ် နောက်ကျလိုက်တာ.."

" အွန် ဆောရီး.. ဒီနဲ့ နည်းနည်းဝေးတဲ့ နေရာမှာ ဒင်နာလုပ်ကြလို့ "

ဆောရီးဖော်ရသေးတော့ နိုနို ကျေနပ်ရအုံးမှာပေါ့.. ။

" ကိုကို ရေချိုးအုံးမလား.. နောက်တော့ကျနေပြီ မချိုးရင်လည်း မချိုးပါနဲ့လား မနက်မှ စောစောချိုးပေါ့ တော်ကြာ နေမကောင်းဖြစ်နေမယ် "

မူဂျီအယ်လ် (Unicode)Where stories live. Discover now